မောင်တောတောင်ပိုင်းတွင် ARSA လှုပ်ရှားမှုရှိနေ၍ ဂရုစိုက်နေထိုင်ကြရန် AA သတိပေး

မောင်တောတောင်ပိုင်းတွင် ARSA လှုပ်ရှားမှုရှိနေ၍ ဂရုစိုက်နေထိုင်ကြရန် AA သတိပေး

မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ကြောထဲတွင် ယခုရက်ပိုင်းအတွင်း ARSA လှုပ်ရှားမှုများမြင်နေရသဖြင့် ဒေသခံများ လုံးခြုံရေးဂရုစိုက်နေထိုင်ကြရန် အာရက္ခတပ်တော် တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။

မောင်တောတောင်ပိုင်းရှိ အောင်သုခ၊ အင်းဒင်၊ ပဲရုံနတလကျေးရွာ၊ ကျောက်ပန္ဒူကျေးရွာ စသည့်ကျေးရွာများတွင် ညအချိန်တွင် ငါးဖမ်းသမားဟန်ဆောင်ကာ ဘင်္ဂလားပင်လယ်ပြင်ကနေ ARSA နှင့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ စိမ့်ဝင်လှုပ်ရှားမှု ရှိနေသဖြင့် သတိပေးထားခြင်းဖြစ်သည်။

“အခုရက်ပိုင် AA က ကျေးရွာအုပ်ချုုပ်ရေးမှူး အိမ်တွေကိုလာပြီး အသိပေးလာတယ်။ အုပ်ချုပ်ရေးမှူးကလည်း ရွာသားတွေကို အပြင်သွားရင် အသွားအလာ သတိရှိကြဖို့ လော်စပီကာနဲ့ လိုက်လံအသိပေးတာတွေရှိတယ်။ ပြီးရင် တောင်တွေကို ထင်းခုတ်သွားရင် လူအများနဲ့သွားကြဖို့လေ့ သတိပေးနေတယ်” ဟု အောင်သုခ ကျေးရွာသားတစ်ဦးက DMG ကို ပြောသည်။

ARSA၊ RSO၊ ARA၊ တို့သည် ဘင်္ဂလားဒေ့ရှ်ကနေ မောင်တောဒေသသို့ တောလမ်းကနေဝင်ရောက်မှုများနှင့်အတူ အချို့မှာလည်း ငါးဖမ်းသမားဟန်ဆောင်ကာ ပင်လယ်ပြင်ကနေ လှေဖြင့် ဝင်ရောက်ပြီး မေယုတောင် ကြောထဲ တွင် လှုပ်ရှားမှုများ မကြာခဏ လုပ်နေကြောင်း ပြောကြသည်။

ယင်းအပြင် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်အတွင်းရှိ ခရီးသွားများကို ခြုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို မကြာခဏ ပြုလုပ်နေပြီး အကြမ်းဖက်မှုများ ဆက်ဆိုက် ရှိနေသည်။

ဒေသခံများမှာ မွတ်ဆလင် လက်နက်ကိုင်များ၏ အန္တရာယ်ကို စိုးရိမ်သောကြောင့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိူးရေး လုပ်ကိုင်သူများ၊ ယခင်ကဲ့သို့ စိတ်ချလက်မလုပ်ကိုင်ရဲတော့ဘဲ ရှိနေကြောင်း ပြောသည်။

ကျောက်ပန္ဒူ ကျေးရွာသားတစ်ဦးက “ကျနော်က ငါးဖမ်းတယ်။ ပင်လယ်ကို မှီခိုပြီးစားပြီး မိသားစု ဝမ်းရေး လုပ်ကိုင်ရှာ စားသောက်နေရတာဖြစ်တယ်။ နေ့လယ်ပိုင်း ငါးဖမ်းဖို့ သွားရတဲ့ အချိန်လည်း ရှိတယ်။ ညဖက်သွား တဲ့ အချိန်တွေဆိုရင် တအား ကြောက်ရတယ်ဗျာ။ မွတ်ဆင်အုပ်စုတွေ သူစိမ်းတွေ ပင်လယ်ကမ်း စပ်နားတွေမှာ မကြာခဏတွေ့ရတယ်။ ကြောက်လို ငါးမဖမ်းဘဲ ပြန်လာရတဲ့ နေ့တွေလည်းရှိတယ်“ ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာသို့ ကုန်ပစ္စည်းများနှင့် ခရီးသည်တင်လာသည့် ကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်ခြင်းကြောင့် ကျောက်ပန္ဒူကျေးရွာမှ အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းကြောင့် မောင်တောဒေသတွင် မွတ်ဆလင်လက်နက်ကိုင်များ၏ အန္တရာယ်မှ ဘေးကင်းရန် ယခင်ကထက် နယ်စပ်လုံခြုံရေးကို ပိုမို လုပ်ဆောင်ပေးရန် အာရက္ခတပ်တော်ကို တောင်းဆိုနေကြသည်။

မောင်တောနှင့် ရသေ့တောင်ကိုဆက်သွယ်ထားသည့်  ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက တွေ့ရစဉ်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...