နယ်စပ် ရေပိုင်နက်လုံခြုံရေး AA တိုးမြှင့်နေ

နယ်စပ် ရေပိုင်နက်လုံခြုံရေး AA တိုးမြှင့်နေ
ဘင်္ဂလားဒေ့ရှ်နယ်စပ်ပင်လယ်ပြင် လုံခြုံရေးကင်းလှည့်နေသည့် AA တပ်သားများကို ယခုလအတွင်းတွေ့ရ စဉ်။ Photo - Hein Tun/ABN
ဘင်္ဂလားဒေ့ရှ်နယ်စပ်ပင်လယ်ပြင် လုံခြုံရေးကင်းလှည့်နေသည့် AA တပ်သားများကို ယခုလအတွင်းတွေ့ရ စဉ်။ Photo - Hein Tun/ABN

ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တကြောတွင် ရေပိုင်နက် လုံခြုံရေးလုပ်ငန်းများကို ယခုရက်ပိုင်းကစပြီး အာရက္ခတပ်တော်က တိုးမြှင့်ဆောင်ရွက်နေကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

မွတ်ဆလင်လက်နက်ကိုင်များ၏ လှုပ်ရှားမှုနှင့် ဒေသခံတို့၏ လုံခြုံရေးအန္တရာယ်လျော့ကျစေရန် ကုန်းမြေနယ်စပ်ရှိ မွတ်ဆလင်လက်နက်ကိုင်များကို လိုက်လံရှင်းလင်းနေသည့်အပြင် ရခိုင်ရေပိုင်နက်တွင်လည်း ပုံမှန် ကင်းလှည့်ခြင်းများပြုလုပ်နေခြင်း ဖြစ်သည်။

AA နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “ နယ်စပ်ဘက်မှာ AA က ARSA အုပ်စုတွေ ခြေကုတ်ယူထားတဲ့ နေရာ တွေကို အင်တိုက်အားတိုက် ထိုးစစ်ဆင်နေပါတယ်။ အဓိကကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတာဖြစ်သလို ပြည်သူတွေရဲ့ လုံခြုံရေးအတွက်လည်း တော်တော်လေး အလေးထားတာတွေ့ ရတယ်။ ကုန်းလမ်းတင်မကဘဲ နယ်စပ်မျဉ်းတစ်လျှောက် ပင်လယ်ပြင်မှာပါ AA ရဲ့ Speed Boat တွေနဲ့ ပုံမှန် ကင်းလှည့် နေတာ ” ဟု ပြောသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်ပြင်နှင့် နတ်မြတ်ဝ စသည့် ရေပိုင်နက်အတွင်း တရားမဝင်ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုလည်း ဖမ်းဆီးအရေးယူမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

သို့သော် AA တပ်စခန်းများကို မွတ်ဆလင်လက်နက်ကိုင်များ၏ လာရောက်ပစ်ခတ်ခြင်းကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း မောင်တောဒေသခံများက ပြောကြသည်။ 

မွတ်ဆလင် လက်နက်ကိုင်များသည် AA တပ်စခန်းများကို လာရောက်ပစ်ခတ်ပြီး AA ဘက်မှ လိုက်လံရှင်းလင်းလျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ပြန်လည်ထွက်ပြေးသွားလေ့ရှိကြောင်း နယ်စပ်ဒေသခံများက ပြောသည်။ 

“နယ်စပ်စခန်းတွေကို ပြောက်ကျားစနစ်နဲ့ နေ့တိုင်းလာပြီး ခြုံခိုပစ်ခတ်နေကြတယ်။ မွတ်ဆလင် အုပ်စုတွေက များသောအားဖြင့် လူတွေအိပ်ကောင်းတဲ့အချိန် ညဉ့်နက် (၂) နာရီခွဲလောက်ဆိုရင် လာလာပစ်တတ်တာပါ။ ဒီလို လာပစ်တိုင်းမှာလည်း AA တပ်ဖွဲ့ဝင်တွေက ထိထိရောက်ရောက် ပြန်လည် ခုခံပစ်ခတ်တဲ့အတွက် သူတို့တွေ မခံနိုင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတာ တွေ့ရပါတယ် ” ဟု နယ်စပ်ဒေသခံ သတင်းရင်း မြစ်တစ်ဦးကပြောသည်။

လက်ရှိတွင် ဝေလာတောင်၊ တောင်ပြိုလက်ဝဲ၊ လိပ်ရ၊ နံ့သာတောင်၊ စသည့် ကျေးရွာအနီး ပတ်ဝန်းကျင်တို့တွင် တောတောင်ထူတပ်မှုကို အသုံးချ၍ AA တပ်စခန်းများကို တိုက်ခိုက်မှုများရှိနေသဖြင့် မွတ်ဆလင်လက် နက်ကိုင်များနှင့် AA တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များသည် ဒေသခံအရပ်သားများကိုလည်း ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်မှုများကိုလည်း ကျူးလွန်လေ့ရှိခြင်းကြောင့် အာရက္ခတပ်တော်၏ လုံခြုံရေးတိုးမြှင့်ထားခြင်းအပေါ် ဒေသခံများက ကြိုဆိုကြောင်းပြောဆိုကြသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...