ကုလားတန်မြစ်ကမ်း လူနေအိမ်များ ရေလွှမ်းမိုး

ကုလားတန်မြစ်ကမ်း လူနေအိမ်များ ရေလွှမ်းမိုး
by -
ခိုနူမ်းထုန်
ဇူလိုင်လ ၂၀ နောက်ပိုင်း မိုးသည်းထန်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ကုလားတန်မြစ်ကမ်းဘေးရှိ ဒေသခံကျေးရွာအချို့၏ လူနေအိမ်များ ရေလွှမ်းမိုးခြင်းခံရသည်ဟု သိရသည်။

ထိုသို့ မိုးသည်းထန်မှုကြောင့် ကုလားတန်မြစ်ကြောင်းပေါ်ရှိ ပလက်ဝမြို့ အပါအဝင် ကာရမိတ်၊ ရှင်းလက်ဝ၊ ထရွန် အိုင်၊ တောင်ပြိုရွာရှိ လူနေအိမ်များ ယခုလ ၂၅ ရက်နေ့မှ ရေလွှမ်းမိုးသွားသည်မှာ ယနေ့အထိပင် ဆက်လက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ကျွန်တော်သိရသလောက်က ကာရမိတ်ရွာက အိမ်ခြေ ၂၀၊ ရှင်းလက်ဝက အိမ်ခြေ ၁၇၊ ပလက်ဝမြို့ ပေါ်က အိမ်ခြေ ၂၀ ခန့်မြစ်ရေ လွှမ်းမိုးသွားတယ်။ ဒါ့အပြင် ရွာသားတွေရဲ့ ကိုင်းပင်တွေလည်း ရေထဲ ပါသွားတယ်ပေါ့နော်”ဟု ပလက်ဝမြို့ပေါ်နေ ကိုလှထွန်းက ယနေ့ ပြောသည်။

ထို့အပြင် မြစ်ရေကြီးမှုကြောင့် ကုလားတန်မြစ်ကြောင့်ပေါ် နေ့စဉ် ပြေးဆွဲနေသည့် ပလက်ဝ – ကျောက်တော် နှင့် ပလက်ဝ – ရှင်းလက် – ထရွန်အိုင် စက်လှေယဉ်လိုင်းများ ရပ်နားထားကြောင်း ထပ်မံသိရသည်။

ယခုနှစ် မိုးသည်းထန်မှုသည် ယခင်ကာလများထက် ပိုမိုပြင်းထန်ကြောင့်  မြေပြို၊ အိမ်ပြို၊ လမ်းပြိုမှုများ ချင်းပြည်နယ်အတွင်း နေရာ အနှံ့ ဖြစ်ပေါ်လျှက်ရှိသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...