ဝိုင်းမော်မြို့အနီးတစ်ဝိုက်က ကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာ

ဝိုင်းမော်မြို့အနီးတစ်ဝိုက်က ကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာ

ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဘန်းဘားကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံများမှသိရပါတယ်။

“ ၃ ရက်လောက်ရှိပြီ လက်နက်ကြီးပစ်နေတာ တဂျိမ်းဂျိမ်းပဲ မနေ့ကမနက်ကလည်း မြစ်ကြီးနားဘက်ကနေ ပစ်ကူနေတာထင်တယ်” လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ဆိုပါတယ်။

ဇန်နဝါရီ (၁၄ )ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနေ့က (၁၅)ရက် မနက် (၇)နာရီခွဲ ဝန်းကျင်လောက်က စန်းကားကျေးရွာရဲ့ တစ်ဖက်ကမ်းရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နန့်ပေါင်လေတပ် စခန်းကနေ လက်နက်ကြီးပစ်ကူခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာလည်း စစ်ကော်မရှင်ဘက်က စန်းကားကျေးရွာကနေ စစ်ကား(၃) စီးနဲ့အင်အားဖြည့်လာတာလည်းရှိတယ်လို့ ဒေသခံများက ဆိုကြပါတယ်။

အဆိုပါ ဘန်းဘားကျေးရွာဟာ စန်းကားကျေးရွာအောက်ဘက်နဲ့ (၇ )မိုင် ကွာဝေးပြီး စန်းကားကျေးရွာ သွားလမ်းမှာလည်း အစစ်အဆေးများကန့်သတ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့နန့်ပေါင်လေတပ်စခန်းတစ်ဖက်ကမ်းမှာရှိတဲ့ ခတ်ချိုကျေးရွာ၊ အာလူးဘာရီကျေးရွာ၊နောင်ဟီးနဲ့မခန္တီးကျေးရွာတွေကလည်း နယ်မြေတည်ငြိမ်မှုမရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။

(၂၀၂၄) ခုနှစ်မှစတင်ကာ အဲ့ဒီဘက်ရွာတွေမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများက ဘေးလွှတ်ရာ မြို့ပေါ်ရပ်ကွက်နဲ့ စစ်ရှောင်စခန်းများသို့ တိမ်းရှောင်ခဲ့ကြပါတယ်။

ယခုလပိုင်းတွေမှာ ထောက်ပံ့ကြေးငွေမလုံလောက်မှုများကြောင့် နေရပ်ပြန်လာပြီး လုပ်ကိုင်စားသောက်နေသူတချို့လည်းရှိနေကြောင်း သိရပါတယ်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...