ရှမ်းပြည်တောင်ပိုင်းက တောင်သူတွေ စပါးနဲ့ပြောင်းတွေကို ရိတ်သိမ်းခွင့်မရလို့ စားဝတ်နေရေး စိုးရိမ်နေရ

ရှမ်းပြည်တောင်ပိုင်းက တောင်သူတွေ စပါးနဲ့ပြောင်းတွေကို ရိတ်သိမ်းခွင့်မရလို့ စားဝတ်နေရေး စိုးရိမ်နေရ

ရှမ်းပြည်တောင်ပိုင်း- ကရင်နီပြည် နယ်စပ်က ကျေးရွာခံအချို့နဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ စိုက်ပျိုးရာသီအတွင်းမှာ စိုက်ပျိုးခဲ့တဲ့ စပါး နဲ့ ပြောင်းတွေကို ရိတ်သိမ်းခွင့်မရတဲ့အတွက် ယခုနှစ်အတွက် စားဝတ်နေရေးကို စိုးရိမ်နေကြပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကြောင့် စစ်ဘေးတိမ်းရှောင်နေရင်း နေရပ်ပြန် စိုက်ပျိုးလုပ်ကိုင်ထားကြတာပါ။ ဒါပေမဲ့လည်း စစ်ကော်မရှင်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်တွေက အရပ်သားတွေကို သီးနှံရိတ်သိမ်းခွင့်မပြုတဲ့အပြင် ၊ ဖမ်းဆီးစစ်ဆေးတာ ရှိနေတဲ့အတွက် ရိတ်သိမ်းခွင့်မရကြပါဘူး။

"အခုဆို ဘာမှ ပြန်မရဘူး၊ ပြောင်းခင်း တခင်းလုံးလည်း ဘာမှမရတော့ဘူး၊ ငွေတွေဆို အဲ့မှာပဲ ရင်းကုန်တယ်"လို့ ထေးပါတားအုပ်စုစစ်ရှောင်စခန်းက စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင်တချို့ဟာ နေရာအတည်တကျမရှိတဲ့အတွက် တောင်ယာ၊ ယာခင်းတွေမှာ တဲထိုးနေပြီး ပြောင်းစိုက်ပျိုးနေပြီး စစ်ကော်မရှင် လက်အောက်ခံ ပြည်သူ့စစ်တွေက ထပ်ဆင့်ရွေ့ပြောင်း နေထိုင်ခိုင်းတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

သီးနှံတွေရိတ်သိမ်းခွင့်မရတာအပြင် ၊ ကုန်စျေးနှုန်းတွေကြီးတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ တွေကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်ကြတာပါ။

“ချောင်းအရှေ့ဘက်ခြမ်းဘက်မှာ နေတဲ့ လူတွေကတော့ တချို့က တောင်ယာလုပ်ငန်း လုပ်လို့မရဘူး။ ပြီးတော့ အသိမိတ်ဆွေ မရှိတော့ လုပ်ခွင့်မရသူတွေလည်းရှိတယ်။ ပြီးတော့ ဒီဘက်က လမ်းပန်းဆက်သွယ်ရေးတွေ ကလည်းခက်ခဲတယ်။ … ကုန်စျေးနှုန်းတွေလည်း တက်တော့ စစ်ရှောင်မိသားစုတွေက တအားခက်ခဲနေတယ်။” လို့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း- ကရင်နီပြည် နယ်စပ်မှာ ထေးပါတားအုပ်စု၊ ထေချိစခန်းအုပ်စု၊ တီးလုံအုပ်စု၊ ကွန်နန်း စတဲ့ ကျေးရွာအုပ်စုတွေ ရှိနေပြီး အဆိုပါ အုပ်စုအတွင်း လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေကြပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...