၄ လတာတိုက်ပွဲအတွင်း CDF – KKG မှ တပ်စုမှူးအပါအဝင် ရဲမေ၊ ရဲဘော် ၁၂ ဦးကျဆုံး

၄ လတာတိုက်ပွဲအတွင်း CDF – KKG မှ တပ်စုမှူးအပါအဝင် ရဲမေ၊ ရဲဘော် ၁၂ ဦးကျဆုံး

ချင်း- စစ်ကိုင်းအစပ် ကလေးမြို့နယ်ထဲက စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့၏ လေးလတာ တိုက်ပွဲကာလအတွင်း CDF – KKG တပ်ဖွဲ့မှ အမျိုးသမီးရဲမေနှင့် ရဲဘော် ၁၂ ကျဆုံးသည်ဟု သိရသည်။

အောက်တိုဘာလ ၁၈ ရက်က ကလေးမြို့နယ်၊ မှန်တောနှင့် အောင်သာယာကျေးရွာဝန်းကျင်က တိုက်ပွဲများတွင် CDF – KKG ၏ တပ်ရင်း ၄ နှင့် တပ်ရင်း ၇ တို့မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ရပြီး အောက်တိုဘာလ ၂၀ ရက်က လက်ပံချောင်းတိုက်ပွဲတွင် တပ်ရင်း ၁ တပ်စုမှူး ၁ ဦး၊ အောက်တိုဘာလ ၂၅ ရက်က အောင်သာယာရွာတိုက်ပွဲမှာ တပ်ရင်း ၂ ရဲဘော် ၁ ဦးတို့ ကျဆုံးရသည်ဟု သိရသည်။

တပ်ရင်း ၇ ရဲဘော် မှ Bawi Tuah Kim နှင့် ရဲဘော် Pum Luah Cin (ခ) Pum Lua ၊ တပ်ရင်း ၄ မှ ရဲဘော်ဖြိုးကိုအောင်၊ ရဲဘော် မင်းကို၊ တပ်ရင်း ၂ ရဲဘော် မောင်အေး (ခ) ရဲမာန် နှင့် တပ်ရင်း ၁ မှ တပ်စုမှူး Pu Lian Khem တို့ ကျဆုံးရခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၈ ရက် မှန်တောရွာတိုက်ပွဲတွင် တပ်ရင်း ၁ မှ ရဲဘော်ဇေယျာမျိုးနှင့် တပ်ရင်း ၃ မှ ရဲဘော် Bi Za Ting ကျဆုံးပြီး နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၂ ရက်က မှန်တောရွာတိုက်ပွဲမှာပင် တပ်ရင်း ၄ မှ ရဲဘော် ကြယ်ဇင်ကျော်နှင့် ရဲဘော် ရန်လင်းအောင် တို့ ကျဆုံးရသည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်တွင် တပ်ရင်း ၇ မှ ရဲမေ Dim Man Cing သည် ကျန်းမာရေး အခြေအနေကြောင့် ကျဆုံးခဲ့ရပြီး ယခုနှစ် ဇန်နဝါရီလ ၄ ရက် အနောက်တောလေးရွာ တိုက်ပွဲတွင် တပ်ရင်း ၅ မှ ရဲဘော် ရှိုင်းထက်စိုး (ခ) ပိန်သေး ကျဆုံးရသည်ဟု သိရသည်။

အဆိုပါ ရဲဘော်များသည် စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းပြီး စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲကာလများတွင် ကျဆုံးရခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုအပေါ် CDF – KKG အနေဖြင့် အထူးလေးစား ဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း ကြေညာချက်များတွင် ဖော်ပြထားသည်။

August 8, 2026
နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင်...
August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...
August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...
August 5, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ...