မွတ်ဆလင် ၂၂၀ ဦးကို စစ်ကောင်စီဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထား

မွတ်ဆလင် ၂၂၀ ဦးကို စစ်ကောင်စီဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထား

ဘူးသီးတောင်၊ မောင်တောဒေသမှ စက်လှေဖြင့် ထွက်လာသည့် မွတ်ဆလင် ၂၂၀ ဦးကို စစ်တွေမြို့အနီးက ပင်လယ်ပြင်တွင် စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က မွတ်ဆလင် ၂၄၈ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ယခုအခါ ၂၈ ဦးကို လွှတ်ပေးပြီး ဖြစ်သော်လည်း ကျန် ၂၂၀ ဦးကို စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စစ်တွေမြို့ခံ မွတ်ဆလင်အသိုင်းဝိုင်းထံက သိရသည်။

“ ၂၈ ဦးကို မွတ်ဆလင် ဒုက္ခသည် စခန်းကော်မတီကို လွှဲအပ်ပြီး မိသားစုတွေဆီ ပြန်လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ လာခေါ်တဲ့ မိသားစုဝင်တွေဆီက ပိုက်ဆံတောင်းပြီးမှ လွှတ်ပေးတာ။ ဒါက တမင် ခေါင်းပုံဖြတ်တာ။ ကျန်တဲ့ ၂၀၀ ကျော်ကတော့ အကျဉ်းထောင်မှာ ဖမ်းထားဆဲလို့ သိရတယ်။ ဘယ်လို အရေးယူတာတွေ လုပ်မယ်တော့ မသိသေးဘူး ” ဟု စစ်တွေမြို့ခံ မွတ်ဆလင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါမွတ်ဆလင်များမှာ စစ်တွေ အကျဉ်းထောင်တွင် တစ်ပတ်ကျော်ကြာအထိ ပြန်မလွတ်လာသေးကြောင်း ပြောသည်။

ရခိုင်စစ်ရေး ပဋိပက္ခကြောင့် စားဝတ်နေရေးအကျပ်အတည်းများ ကြုံနေရသည့် ရခိုင်ပြည်မှ မွတ်ဆလင်များမှာ နည်းလမ်းမျိုးစုံဖြင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ရေကြောင်းခရီးဖြင့် ထွက်ခွာမှုများ မကြာခဏ ရှိနေသည်။

ထို့အတူ လက်ရှိတွင် ရခိုင်ဒေသနေ မွတ်ဆလင်များကို စစ်ကောင်စီ ရေတပ်က ဖမ်းဆီးမှုများလည်း ရှိနေပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် စစ်တွေအနီး၌ ပေါက်တောမြို့နယ်က ငါးဖမ်းသမား မွတ်ဆလင် ၂၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီသည် မွတ်ဆလင်များကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းကြောင့် ဖမ်းဆီးခံရသည့် မွတ်ဆလင်လူငယ် အမျိုးသားများမှာ လွတ်မြောက်နိုင်ရန် ခက်ခဲကြောင်း စစ်တွေမြို့ခံ မွတ်ဆလင်များက ဆိုကြသည်။

“ ဒီလိုမျိုး ဖမ်းဆီးခံရတဲ့ အထဲမှာဆိုရင် အမျိုးသမီးအများစု ပြန်လွတ်ကြပေမယ့် အမျိုးသားတွေကတော့ ပြန်လွတ်တာနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သင်တန်းတက်ဖို့ ခေါ်သွားကြတယ်လို့ပဲ သိရတယ်” ဟု နောက်ထပ် စစ်တွေမြို့နယ်က မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်ကို လမ်းခရီး ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါး၍ စားဝတ်နေရေး ကျပ်တည်းနေကြခြင်းကြောင့် ပြည်ပထွက်ခွာရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။

ယင်းအထဲ စစ်တွေမြို့နယ်က မွတ်ဆလင်များကို စစ်ကောင်စီသည် အတင်းအဓမ္မ စုမှုထမ်းခေါ်နေပြီး ရှေ့တန်း တိုက်ပွဲများတွင် ရင်ဆိုင်တိုက်ခိုင်းနေသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...