ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများ အထွေထွေ ကျပ်တည်းမှု ပိုမိုရင်ဆိုင်နေကြရသည်ဟု သိရသည်။

ဟားခါးမြို့က အမျိုးသမီးတဦးက “လမ်းပန်းဆက်သွယ်ရေးနဲ့ နိုင်ငံရေးတွေကြောင့် ကုန်ဈေးနှုန်းက အရမ်းတက်တယ်။ အခြေခံလူတန်းစားတွေအတွက်က အများကြီးအခက်အခဲဖြစ်တယ်။ အလုပ်အကိုင်ကလည်းရှား၊ ကုန်ဈေးနှုန်းကလည်း တက်ဆိုတော့ မလွယ်ဘူး။ ကြက်ဥဆိုရင်လည်း သုံးလုံး နှစ်ထောင်လေ ကြက်ဥတောင် အရင်လိုစားနိုင်ဖို့မလွယ်တော့ ဘူး။ ဆန်နဲ့ ကြက်ဥ ဈေးနှုန်းက ရွာဖက်ရော ဟားခါး မြို့ပေါ်မှာရော အတူတူပဲ။” ဟု ပြောသည်။

ဂန့်ဂေါ- ဟားခါး ကားလမ်းပိုင်းနှင့် ကလေးမြို့မှ ကွင်းလမ်းဖြင့် ဟားခါးမြို့သို့ ကုန်းတင်ကားတချို့ ဝင်ရောက်မှုရှိသော်လည်း လမ်းပန်း ဆက်သွယ်ရေးအခက်ခဲကြောင့် လမ်းခရီးကြန့်ကြာခြင်း၊ တန်ဆာခများ မြင့်တက်လာခြင်းကြောင့် ဆန်အပါအဝင် အခြေခံစားကုန်၊ အိမ်သုံးကုန် ပစ္စည်းများ ဈေးမြင့်တက်နေခြင်းဖြစ်သည်။

လက်ရှိ ဟားခါးမြို့ပေါ်တွင် ပေါ်ဆန်းမွှေးဆန် တအိတ်လျှင် နှစ်သိန်းငါးသောင်းကျပ်၊ ကာနန်ဧရာမင်း တအိတ်လျှင် တစ်သိန်းခြောက်သောင်းကျပ်၊ ARB ဆန်တအိတ်လျှင် တစ်သိန်းကိုးသောင်းကျပ်၊ နေကြာဆီပုံးဝါ (၁၀) ပိဿာ တစ်ပုံးလျှင် နှစ်သိန်းလေးသောင်းကျပ်၊ အားလူး တစ်ပိဿာလျှင် ရှစ်ထောင်ကျပ်၊ ဒေသထွက် ကြက်သွန်နီ တစ်ပိဿာလျှင် တစ်သောင်းကျပ်၊ ငရုတ်သီး နို့ဆီတစ်ဗူးလျှင် တစ်ထောင့် ငါးရာကျပ်၊ အမဲသားနှင့် ဝက်သားတစ် ပိဿာလျှင် နှစ်သောင်းခွဲ ကျပ်၊ ဥစားကြက်သား တစ်ပိဿာလျှင် သုံးသောင်းကျပ် နှင့် ဓာတ်ဆီ ၁ ဂါလံ နှစ်သောင်း နှစ်ထောင်ကျပ်တို့ရှိသည်ဟု သိရသည်။

ယခုလက်ရှိ ဟားခါးမြို့ပေါ်တွင် အီကြာကွေးတစ်ချောင်း ယခင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ မြင့်တက်လာပြီး ဆာဗူးသီးတစ်ပွဲလျှင် ကျပ် ၂၀၀၀ မှ ၅၀၀၀ အထိ မြင့်တက်သွားခြင်းကြောင့် သွားရည်စာ ပုံမှန်စားရန်ပင် အခက် အခဲရှိလာနေသည်ဟု ဟားခါးမြို့ခံအမျိုးသားတစ်ဦးကပြောသည်။

“လူစားတဲ့ ဆန်မပြောနဲ့ ဝက်စာ ဆန်တောင်မှ တစ်သိန်းဝန်းကျင်ရှိတယ်။ အခု ဆာဗူးသီးက တပွဲကို ငါး ထောင် အရင်က အသားဈေး ၁ သောင်းလောက်ပဲရှိတာ အခုက နှစ်သောင်းခွဲဆိုတော့၊ ဆာဗူးသီး ချက်တဲ့ ပြောင်းဖူးလဲ နည်းနည်းဈေး တက်တော့လေ။ အီကြာကွေးလဲ တချောင်း တစ်ထောင်၊ လက်ဖက်ရည်လဲ တစ်ခွက် ထောင့်ငါးရာ၊ ဈေးနှုန်းကတော့ တက်နေဆဲပဲ။” ဟု ဟားခါးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဖွဲ့သည် ဟားခါးမြို့ပေါ်တွင် ယခင်ကထက် လုံခြုံရေးတင်းကြပ်ကာ ဆိုင်ကယ် လိုင်စင်များလည်း တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ် လာကြောင်း မြို့ခံများက ပြောသည်။

January 9, 2026
စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် မြောက်ပိုင်းသို့ဆက်သွယ်ရာတွင် အဓိကလမ်းမဖြစ်သော ကလေး-...
January 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့များက စစ်မှုထမ်းလိုအပ်ချက်ကြောင့်...
Video Screenshot credit – Cin Pii
January 7, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်မှာ တပ်စွဲထားသော စစ်ကော်မရှင်တပ်စခန်းကို...
January 5, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ဟားလ်တာ (Halta) ကျေးရွာနှင့် ဟိုင်ဖိုင် (Haiphai)...