ကန်ပက်လက်မြို့ကို စစ်ကော်မရှင်က ဗုံးအများအပြားဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

ကန်ပက်လက်မြို့ကို စစ်ကော်မရှင်က ဗုံးအများအပြားဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်သွားသည်ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာဘေးစီမံဌာနမှ သိရသည်

ဒီဇင်ဘာလ ၉ ရက် နေ့လည် ၁၂ နာရီခန့်မှစတင်၍ ၁၅ မီနစ်အတွင်း ကန်ပက်လက်မြို့အထက်ဘက်ရှိ ဟိုတယ်ဇုန် ဘက်ကို စစ်ကော်မရှင်တပ်သည် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ခန့် ပြုလုပ်သည်ဟု သိရသည်။

“မြို့အထက်ဘက်က ဟိုတယ်ဇုံးဘက်ကျဲတယ်လို့ တော့ သိရပါတယ်ခင်ဗျ၊၊ အဲ့ဘက်မှာ အရပ်သားပြည်သူတွေ မနေကြဘူးဆိုတော့ အရပ်သားနေအိမ်နဲ့ အရပ်သားထိခိုက်မှုတော့ မရှိလောက်ဘူး” ဟု မြို့နယ်လူသားစာနာ ဘေးစီမံဌာနမှ တာဝန်ရှိသူက ပြောသည်။

လတ်တလောမှာ ပြည်သူများ ထိခိုက်မှု ရှိ၊ မရှိနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း သိရသည်။

ကန်ပက်လက်မြို့တစ်နေရာကို တံတာဦးလေးတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံး ၂ လုံးတွဲ ၆ ကြိမ်ခန့်အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၆ ရက်ကလည်း ကန်ပက်လက်တွင် စစ်ကော်မရှင်သည် ကင်းထောက်လေယာဉ်ဖြင့် တစ်နေကုန်နီးပါး ကင်းထောက်လှမ်းမှု ပြုလုပ်သည်ဟု ကန်ပက်လက်တော်လှန်ရေးအင်အားစုထံမှ သိရသည်။

ဒီဇင်ဘာလ ၂ ရက် နံနက် ၁၀ နာရီခန့်ကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်သည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ အရပ်သားပြည်သူနှင့် နေအိမ်တို့ကို ထိခိုက်မှု မရှိကြောင်း သိရသည်။

Most read this week

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...