စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင် စစ်ကော် မရှင်တပ်မှ လေကြောင်းဖြင့် ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၄ လုံး ထပ်မံ ပျက်စီးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

Ruan ကျေးရွာတွင် မည်သည့်တိုက်ပွဲဖြစ်ပွါးမှုမျှမရှိသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်းလည်း မရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

“Ruan Khua ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံး လေးကြိမ်ကြဲတာ နေအိမ်၄ လုံးပျက်စီးသွားတယ်။ လူကတော့ ထိခိုက်တာမရှိပါဘူး။ ရွာမှာ လူငယ် (CDF ) တွေလဲမရှိပါဘူး။ ဒါပေမဲ့ မြောက်ခရမ်းဘက်၊ ဟံသာဝတီ ဘက်မှာ တိုက်ပွဲရှိတော့ စစ်တပ်က သူတို့ လူငယ်တွေ ရှိမယ်ထင်တဲ့နေရာကို ရမ်းသမ်းကြဲတဲ့သဘောပါ။” ဟု အကြောင်းသိရှိသူ အမျိုးသား တစ်ဦးက ပြောသည်။

Ruan ကျေးရွာသည် ဟားခါးမြို့မှ ၅၆ မိုင်ခန့် ကွာဝေးပြီး ကလေး-ဂန့်ဂေါဒေသရှိ ဟံသာဝတီ၊ မြောက်ခရမ်းဘက်နှင့် ဆက်သွယ်ရာတွင် ဆိုင်ကယ်ဖြင့် တစ်နာရီခန့်သာ မောင်းနှင်ရသည့် နေရာတွင်ရှိသည်။

အလားတူ၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက် ညကလည်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ကြောင့် Ruan ကျေးရွာက နေအိမ်တစ်လုံးနှင့် ဘုရားကျောင်းတစ်ကျောင်း ထိခိုက် ပျက်စီးခဲ့သေးကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းကြောင့် ရွာဒေသခံများသည် နေအိမ်စွန့်ခွာကာ အပြီးအပိုင် စစ်ဘေးရှောင်နိုင်ခြင်း မရှိသေးသော်လည်း လက်ရှိတွင် လေကြောင်းဗုံးကြဲမှုကြောင့် ၎င်းတို့၏ ရွာနှင့် နီးစပ်ရာ ရွာတွင်ပင် မနေရဲတော့ဘဲ တိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...