ကလေးမြို့အကျဉ်းထောင်က လွတ်ရက်စေ့တော့မယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံရသူ တချို့ ထပ်လွှတ်ပေး

ကလေးမြို့အကျဉ်းထောင်က လွတ်ရက်စေ့တော့မယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံရသူ တချို့ ထပ်လွှတ်ပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတချို့ကို ထပ်မံပြန်လွှတ်ပေးခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့က ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ပြန်လွတ်ပေးလိုက်တဲ့ ထဲ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂ ဦးနဲ့ အမျိုးသား ၉ ဦး စုစုပေါင်း ၁၁ ဦးကို ပြန်လွတ်ပေးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက “မနေ့က ကလေးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၅၂ (က)၊ ၅၀၅ (က) အဲလိုမျိုးအမှုတွေ တချို့ကတော့ လွတ်ဖို့ ၁ နှစ်နီးပါးကျန်တဲ့သူတွေ အများစုကတော့ လွတ်ခါနီးပြီပေါ့ လပိုင်းလိုတဲ့ဟာတွေ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၉ ယောက် စုစုပေါင်း ၁၁ ယောက် လွတ်လာတယ် တချို့က ဖောက်ခွဲ ၅ ပေါ့နော် ၈ နှစ်ကျတဲ့သူတွေ အဲဟာတွေလည်း လွတ်လာတယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ကျနေသူတွေ ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ အမှု ရင်ဆိုင်နေရသူ စုစုပေါင်း ၈ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်၊ အမှုပိတ်သိမ်းကြောင်းကို အာဏာသိမ်း စစ်ကော်မရှင်က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွတ်ပေးခဲ့ပြီး ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်ကနေတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖင့် ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်သူ ၅ ဦး သာပြန်လွတ်လာခဲ့ပြီး မနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထပ်မံပြန်လွတ်ပေးလာတာလည်း ဖြစ်ပါတယ်။

ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရှိပြီး အဲဒီမှာ အမျိုးသား ၄၀၀ ကျော်နဲ့ အမျိုးသမီး ၁၀၀ ကျော် ဝန်းကျင်ရှိပြီး အများစုတော့ ပြန်မလွတ်လာနိုင်သေးတဲ့ကြောင်းကိုလည်း နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

April 7, 2026
အာဏာသိမ်း စစ်အစိုးရအုပ်ချုပ်နေဆဲဆိုတာ ပြည်သူလူထု မေ့လျော့မသွားအောင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့...
April 3, 2026
ချင်းပြည်နယ်၊ လောက်တူဒေသရှိ ဒေသခံပြည်သူတွေရဲ့စုပေါင်းရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းခဲ့တဲ့...
April 2, 2026
DonBosco — လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပပြီးနောက်...
April 2, 2026
မကွေးတိုင်း အရှို (ချင်း) လူမျိုးများတည်ရှိရာဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် ( CDF...