စံချိန်တင် မြင့်နေတဲ့ ဟုမ္မလင်းမြို့ရဲ့ ကုန်စျေးနှုန်း

စံချိန်တင် မြင့်နေတဲ့ ဟုမ္မလင်းမြို့ရဲ့ ကုန်စျေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် စျေးနှုန်းတွေဟာ စံချိန်တင် မြင့်တက်လာနေပါတယ်။

ဟုမ္မလင်းမြို့ကို စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ ဝင်ရောက်မယ့်လမ်းပိုင်းတွေ အားလုံး ပိတ်ဆို့ ခံထားရတာကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်လာနေတာပဲဖြစ်ပါတယ်။ 

စက်သုံးဆီတွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်က  ကန့်သတ်ထားသလို NUG ထိန်းချုပ် စိုးမိုးနယ်မြေတွေကလည်း ဟုမ္မလင်းမြို့ကိုသွားမယ့် စက်သုံးဆီတွေကို လုံးဝပိတ်ပင်ထားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဟုမ္မလင်းမြို့ကို ဦးတည်လာတဲ့  စက်သုံးဆီတင်တဲ့ သင်္ဘောတွေဟာ ကလေးဝအနီးမှာ တားဆီး ပိတ်ပင်ခံထားရပြီး  မြို့နယ်အတွင်းမှာ တစ်ပေပါ သိန်းလေးဆယ်ဝန်းကျင်အထိ စျေးနှုန်းတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ 

“ဓာတ်ဆီတစ်လီတာကို နှစ်သောင်း၊ ဒါလည်း အကန့်အသတ်နဲ့ ပန့်ဆိုင်တွေမှာ နှစ်သောင်းဖိုးပဲ ရောင်းပေးတာ၊ပိုမရောင်းပေးဘူး။ ဆီတွေပြတ်နေတာ” လို့ ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောပါတယ်။ 

စက်သုံးဆီစျေးတွေ မြင့်တက်နေသလို အခြေခံစားသောက်ကုန်တွေလည်း တခြားဒေသနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လေးဆကျော် မြင့်တက်နေတာပါ။ 

“ကျွန်တော်တို့ ကွမ်းလည်း လေယာဉ်နဲ့လာရတယ်။ လူစီးဖို့လက်မှတ်တာမရှိတာ။ ကွမ်းကတော့ လေယာဉ်စီးပြီးလာတာ။ စျေးကြီးလည်း ပေးဝယ်စားရတော့တာ။ အကုန်လုံး စားသောက်ကုန်တွေက လေယာဉ်နဲ့ပဲ လာတော့တာ” လို့ ချင်းတွင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်းက ကုန်ပစ္စည်းပြတ်လပ်မှုတွေကြောင့် အိန္ဒိယနယ်စပ်ဒေသကနေ တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို ပြန်လှန်မှီခိုနေရတယ်လို့သိရပါတယ်။ 

သို့ပေမယ့် လောက်ငှမှု မရှိတာအပြင် အိန္ဒိယဘက်ကလည်း ပိတ်ပင်မှုတွေကြောင့် အနည်းအကျဉ်းသာ ဝင်ရောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဟုမ္မလင်းမြို့ကို ဝင်ရောက်တဲ့ လမ်းပိုင်းအားလုံးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေက ပိတ်ပင် တားဆီးလိုက်တာကြောင့် မြို့နယ်အတွင်းမှာ ကုန်ပစ္စည်းတွေပြတ်လပ်ရတာဖြစ်တယ်လို့ ဒေသခံအများစုက ပြောဆိုကြပါတယ်။ 

ရှမ်းနီအသံရဲ့ လေ့လာမှုအရ ကုန်ပစ္စည်းတွေပြတ်လပ်မှုကြောင့်  စားသောက်ကုန်တချို့ ကုန်ဆုံးရက်လွန်ပေမယ့် စျေးကွက်အတွင်းမှာ ရောင်းချမှုတွေရှိနေပြီး  ဝယ်ယူစားသုံးသူတွေလည်းရှိတယ်လို့သိရပါတယ်။ 

ဟုမ္မလင်းမြို့ရဲ့ ကုန်စည်အားလုံးနီးပါးဟာ လေကြောင်းလိုင်းတွေနဲ့သာ သယ်ယူနေရပြီး ကုန်ပစ္စည်းစျေးနှုန်းတွေဟာ ကြီးမြင့်နေတာလို့ ဆိုပါတယ်။

April 29, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက်...
ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice
April 28, 2026
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်ကနေ ငါးနှစ်အကြာပိတ်ထားတဲ့ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ...
April 25, 2026
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က PDF တပ်ဖွဲ့ဝင်ထားပြီး...
April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...