မင်းလက်ပံ ကျားဖြန့်လုပ်သားများကို ထိုင်းက လက်မခံ၍ ၃၀၀ ဦး ကျော်သောင်တင်

မင်းလက်ပံ ကျားဖြန့်လုပ်သားများကို ထိုင်းက လက်မခံ၍ ၃၀၀ ဦး ကျော်သောင်တင်
Photo credit - CJ
Photo credit - CJ

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်−DKBA ထိန်းချုပ်၊ မင်းလက်ပံကျေးရွာ သောင်ရင်းမြစ်ဘေးရှိ အွန်လိုင်း ငွေလိမ် ကျားဖြန်ရုံမှ နိုင်ငံ ခြားသား ၃၀၀ ဦးကို ဆိုင်ရာ နိုင်ငံသို့ ပြန်ရန် ထိုင်းဘက်ခြမ်းက လက်မခံ၍ သောင်ရင်းမြစ်ကမ်းဘေး၌ သောင်တင်နေသည်ဟု ဝန်ဝန်ရှိသူများက ပြောသည်။

အဆိုပါ နိုင်ငံခြားသား ကျားဖြန့် လုပ်သား များကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ခေါ်ထုတ်လာခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် တရုတ်နိုင်ငံသားများ အများဆုံးပါဝင်ပြီး မလေးရှား၊ အီသီယိုးပီးယား နိုင်ငံသားများ ပါဝင်သည်ဟု မြေပြင် ကေအဲန်ယူ၊ တပ်ဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“သူတို့က အဲမှာနေတော့ စားစရာမရှိဘူး။ ညကအေးလာတော့ ည ၁၀ နာရီမှာ စားစရာပေးဖို့ လာတောင်းတယ်။ သူတို့ နေရာမှာရှိတဲ့ စားစရာတွေ၊ စောင်တွေ သွားပြန်ယူပြီး ဝေခိုင်းလိုက်တယ်။ ဒီမနက်မှာတော့ လူကြီးတွေက စားစရာ၊ ရေသန့်တွေ ဝေပေးလိုက်တယ်။ အဲဒီဝင်းထဲမှာ ကျားဖြန်တွေတစ်ဝက်ကျော် ကျန်သေးတယ်“ ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မင်းလက်ပံ ကျားဖြန့်ဝန်းထဲ၌ မြန်မာနိုင်ငံသား တစ်ချို့၊ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် နေရပ်မပြန်လို သည့် နိုင်ငံခြားသားများနှင့် တခြားနိုင်ငံခြားသား ၁,၀၀၀ ဦး ကျော် ကျန်နေသေးသည်ဟု သိရသည်။

ထိုကျားဖြန့်ဝန်းထဲ၌ တရုတ်နိုင်ငံသား အချင်းချင်း သတ်ဖြတ်ခံရမှုများရှိသလို တချို့တရုတ်နွယ်ဝင်များ မြန်မာ ပြည်တွင်းသို့ ပြန်ရန် ကေအဲန်ယူထံ လာဒ်ထိုး တောင်ဆိုမှုများလည်း ရှိနေသည်ဟု သိရသည်။

မင်းလက်ပံ ကျားဖြန့်ရုံကို DKBA က လုံခြုံရေးယူပေးထားခြင်း ဖြစ်သည်။ ထိုဝန်းကို KNLA ဘက်မှ ထိန်းသိမ်း ထားသည်ဟု နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သေးသည်။

Most read this week

Photo: KHRG
February 27, 2026
မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁...
February 26, 2026
မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်...
Photo: KNU
February 25, 2026
ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄...
February 24, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လုပ်ငန်းများ တွင်ကျယ်...