ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသူများ ငှားရမ်းမှုများ၍ ဖားအံမြို့ပေါ် ဟိုတယ်အများစု အခန်းပြည့်နေ

ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသူများ ငှားရမ်းမှုများ၍ ဖားအံမြို့ပေါ် ဟိုတယ်အများစု အခန်းပြည့်နေ

အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကြောင့် နာမည်ကျော်နေသည့် မြဝတီမြို့နယ်၊ KK park ဝန်းမှ ထွက်ပြေးလာသည့် အလုပ်သမားများသည် ယခုရက်ပိုင်းအတွင်း ဖားအံမြို့ပေါ်ဟိုတယ်များသို့ ငှားရမ်း နေထိုင်မှုများလာ၍ မြို့တွင်းနှင့် မြို့ပြင်ရှိ ဟိုတယ်အများစု အခန်းပြည့်နေသည်ဟု ဒေသခံများက ပြောသည်။

KK Park ဝန်းအတွင်းမှတဆင့် ဖားအံမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူ အများစုသည် လူငယ်ပိုင်း ရှမ်းတရုတ်လူမျိုးများ ဖြစ်ကြပြီး ၎င်းတို့ ဖားအံမြို့ပေါ် ဟိုတယ်များ၌ တည်းခိုရောက်ရှိနေမှုအပေါ် မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဟုတ်တယ် ကျားဖြန့်တွေ အများကြီးပဲလေ ရောက်နေတာ။ ဒီတစ်ရက် နှစ်ရက်အတွင်း မြို့ထဲက ဟိုတယ် တွေမှာဆို အခန်းတွေ အကုန်အပြည့်ပဲ။ ရှမ်းပြည်ဘက် တရုတ်တွေပေါ့။ သူတို့မှာ ၁၃/ ရှမ်းမှတ်ပုံတင်တွေ ရှိကြတယ်လေ။ တရုတ်လို ပြောကြတယ်။ တချို့က မြန်မာလိုလည်း ရကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် ဖာအံမြို့ နေရာတော်တော်များများ၌ ကျားဖြန့်လုပ်ငန်းမှ တရုတ်လူမျိုးများ အပါအဝင် လူစိမ်းများလည်း ပေါ်ပေါ်ထင်ထင် သွားလာ လှုပ်ရှားမှု ပိုတွေ့မြင်ရသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အပြင် နယ်မြေခံ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ အကူအညီဖြင့် ကျားဖြန့် ငွေလိမ်လုပ်သားများ မြို့တွင်းသို့ ဝင်ရောက်မှုများ ရှိလာနေခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ယခုလို မြို့တွင်းသို့ ငွေလိမ်လုပ်သားများ ဝင်ရောက် နေထိုင်မှုကြောင့် ပြည်သူများအနေဖြင့် နေ့စဉ် လူမှုဘဝလုံခြုံရေးအတွက် စိုးရိမ်လာကြသည်ဟု မြို့ခံများက ပြောဆိုကြသည်။

KK park ဝန်းမှ ထွက်ပြေးလာသူ နိုင်ငံခြားသား ငွေလိမ်အလုပ်သမားများသည် ပြီးခဲ့သည့် အောက်တိုဘာ (၂၁) ရက်နေ့ကတည်းက အဆိုပါ ဝန်းအတွင်း နိုင်ငံအစုံမှ လာရောက် အလုပ် လုပ်ကိုင်နေသည့် အလုပ် သမားများအပြင် မြန်မာပြည်သားအလုပ်သမားများ စစ်ဆေးဖမ်း ဆီးခံရ မည့်အရေးကြောင့် မြဝတီမြို့နယ်အတွင်း ထွက်ပြေးပြောင်းရွှေ့နေကြခြင်းဖြစ်သည်။

July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...
July 21, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ပြုလုပ်နေသည့် ငြိမ်းချမ်းရေး...
July 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး‌ကျေးရွာတွင် ယခုနှစ် ပြောင်းစိုက်ပျိုးသည့် ဧရိယာ များ...
July 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း တိုက်ပွဲနယ်မြေအတွင်းသို့ ကျွံဝင်သွားသည့် ဆယ်ကျော်သက် ကလေးငယ်...