မောင်တောတွင် ဝါးသွားခုတ်သည့် မြိုအမျိုးသား မိုင်းနင်း၍သေဆုံး

မောင်တောတွင် ဝါးသွားခုတ်သည့် မြိုအမျိုးသား မိုင်းနင်း၍သေဆုံး

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဝါးသွားခုတ်သည့် မြိုအမျိုးသားတစ်ဦး မိုင်းနင်းမိသည့်အတွက် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် မြိုအမျိုးသားမှာ မောင်တောမြို့နယ်၊ ခုန်တိုင်ကျေးရွာမှ ဦးဒေါင်ရွိင် (၄၂)နှစ် ဖြစ်သည်။

သူသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၆ နာရီခွဲခန့်က ခုန်တိုင်ရွာသားအချို့နှင့်အတူ လဘော်ဝချောင်းနှင့် သံဖရာချောင်းကြားသို့ ဝါးခုတ်သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု APM သတင်းတွင် ဖော်ပြသည်။

မိုင်းပေါက်ကွဲမှုကြောင့် သူ၏ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားပြီး ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း သိရသည်။

သူ၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၁၅ ရက်၊ နေ့လယ်တွင် မီးသင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ဂြစ်ချောင်းမြိုရွာမှ လူငယ်လေးဦးသည် ပဲရွန်းတောင်သို့ သွားစဉ် မိုင်းနင်းမိ၍ ညာဖက်ခြေမျက်စိအထက်နားမှ ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁ဝ လအတွင်း မိုင်းနှင့်စစ်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၇၅ ဦးဒဏ်ရာရရှိသွားခဲ့ပြီဟု နိရဉ္စရာ၏မှတ်တမ်းအရ သိရသည်။

Most read this week

August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...