၆၀ မမ ဗုံးသီးကိုထုရိုက်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး

၆၀ မမ ဗုံးသီးကိုထုရိုက်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး
Photo credit - CJ
Photo credit - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်း ၆၀ မမ ဗုံးသီးက ယမ်းကိုထုတ်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်ကတော့ နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်ကမှန်းမသိတဲ့ စစ်ကျန်လက်နက်ပစ္စည်း ၆၀ မမ ဗုံးသီးကို သေဆုံးသူ၂ဦးထဲက တစ်ဦးက နေအိမ်ကို ယူလာထုခွဲကြတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့နှစ်ယောက်ထဲက တစ်ယောက်က ဘယ်သူ မ လာလဲတော့မသိဘူး။ ၆၀ မမ ဗုံးသီးလို့တော့ သိရတယ်။ အဲ့တာယူလာပြီး ရိုက်ခွဲကြတယ် ထင်တယ်။ စမ်းကြည့်တာလား မသိဘူး။ အဲ့မှာ နှစ်ယောက်လုံး ပွဲချင်းပြီးဆုံးသွားတာလေ” လို့ ဒေသခံအမျိုးသားတစ်ဦးက ဖြစ်စဉ်ကို ပြောပြပါတယ်။

သေဆုံးသူ ၂ ဦးလုံးဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသားတွေဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ မကြာခဏတွေ့ရလေ့ရှိပြီး အဲ့ဒီဒေသတစ်ဝိုက် နေထိုင်သူ ကလေးငယ်တွေနဲ့ အရပ်သားတွေလည်း မကြာခဏ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အသိပညာပေးဆိုင်ရာလုပ်ငန်းတွေကိုလည်း လက်ရှိ နမ့်ဖတ်ကာကျေးရွာကို ထိန်းချုပ်ထားတဲ့ KIA နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်နေပေမဲ့ ဒီလိုဖြစ်စဉ်တွေက ရှိနေဆဲလို့ ဒေသခံတွေက ဆိုကြပါတယ်။

“ကျမတို့ဆီမှာ အသိပညာပေးတာတွေ လုပ်တယ်။ ဒါပေမဲ့လည်း အဲ့လိုသင်တန်းတွေမှာ သူတို့ဘဲမတက်ရောက်လို့ လားမသိဘူး။ လူလတ်ပိုင်းတွေကျတော့အဲ့လိုသင်တန်းတွေမတက်တာလားမသိဘူး။ ဒါ့ကြောင့် အဲ့လိုအသိမရှိတာလည်း ဖြစ်နိုင်တာပေါ့နော်“လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

မြေမြှုပ်မိုင်းတွေနဲ့ တခြားသောပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ နည်းနည်းလေးထိလိုက်ရုံနဲ့ကို ပေါက်ကွဲစေနိုင်ပါတယ်။

ဒါ့ကြောင့် သင်ကိုယ်တိုင်က မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို တွေ့ရင် ပထမဆုံးအနေနဲ့ လုံးဝ ထိတာ ကိုင်တာ မလုပ်ဖို့က အရေးကြီးပါတယ်။

ပြီးရင် မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ နှစ်ပေါင်းများစွာအန္တရာယ်ရှိတယ်ဆိုတာကို လုံးဝမမေ့ပါနဲ့။ ဒါ့ကြောင့် သင်ကိုယ်တိုင် မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို တွေ့ရင် ပထမဆုံးအနေနဲ့ လုံးဝ ထိတာ ကိုင်တာ မလုပ်ဖို့ကို ထပ်မှာချင်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့လက်နက်ပစ္စည်းတွေကြောင့် ရှမ်းပြည်နယ်က အရပ်သားတွေဟာ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ အများဆုံးကြုံတွေ့ခဲ့ရတယ်လို့ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေအကြောင်း စောင့်ကြည့်လေ့လာတဲ့အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Unicef Myanmar ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၂၀၂၅ ခုနစ် ဇန်နဝါရီလကနေ ဇွန်လအထိကို မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံတစ်ဝှမ်းမှာ ၃၅၇ ဦးထိ ရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။

ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...
March 19, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက်...
March 18, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ် စတင်ဖွင့်လှစ်ပြီဖြစ်တယ်လို့ လေကြောင်းလိုင်းမှာ...