လေးကေကော်တွင် တော်လှန်ရေးတပ်များက စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့

လေးကေကော်တွင် တော်လှန်ရေးတပ်များက စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့

မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာ မိတ် ပူးပေါင်းတပ်များက စစ်အုပ်စု စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားများ သေဆုံးမှုများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ သည်ဟု မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

လေးကေကော်ဒေသ ရသေ့ဂူ၊ လေးကပါ် ရေတံခွန်၊ ကျော်ဝါးဘိုး တောင်ကြောအတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာရာ တော်လှန်ရေး မဟာမိတ်တပ်များက စစ်အုပ်စုကို အောက်တိုဘာ ၂၅ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့ ထိ ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်ခဲ့မှုအခြေအနေအပေါ် ရှေ့တန်းသတင်း ရင်းမြစ်က ယခုလို ပြောသည်။

“ဖားအံတပ်မ -၂၂ လက်အောက်ခံတပ်တွေပေါ့၊ လက်ခတ်တောင်၊‌‌ ကျောက်ဂူတောင်ကြောအတိုင်း တိုးလာ တာပေါ့၊ လေးကေကော်အပေါ် တောင်ကြော လမ်းကနေ လာတော့ မိုင်းတွေထိ၊ စနိုက်ဘာထောက်၊ ပျောက်ကျား တိုက်တာကနေ သူတို့ ကျတာ ထိတာတွေ များနေတယ်။ အခုလည်း ဆက်တိုးလို့ မရဘဲငြိမ် နေတယ်။ သူတို့ ကျတဲ့အလောင်း တွေကရတဲ့ သေနတ်၊ ကျည်နဲ့ လက်နက်ကြီး မော်တာကျည်ကို ခြင်းကြား တွေနဲ့ ရတယ်။ MA ကျည်က တော့ ရတာများတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များ ဖြတ်တောက် တိုက်ခိုက် နေသည့် အချိန်အတွင်း မြဝတီ အခြေ စိုက် ခလရ (၂၇၅) မှ မစ်ဇိုင်းဒုံးများ၊ အသေခံဒရုန်းများ ဖြင့် စစ်ကူ၊ ပစ်ကူပေး တိုက်ခိုက် နေပြီး၊ မြဝတီဘက်မှ စစ်ကူများကို မင်းလက်ပံ-ဖလူး လမ်းကြောင်းဘက် သို့ ပို့ဆောင်ပေးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“သူတို့တွေ လေးကပေါ် ရေတံခွန်နဲ့ ရသေ့ဂူဘက် စစ်ကြောင်း တစ်ကြောင်းက ပြန်ထွက်မရ ဖြစ်နေတယ်၊ မယ်ထော်သလေးဘက်ကနေ ဖလူးကို စစ်ကူနဲ့ ဖြတ်ဝင်မယ့် စစ်တပ်တွေကိုလည်း KNLA တစ်ဖွဲ့က ဖြတ် တိုက် နေတယ်။ နှစ်နေရာ ပစ်နေတာပေါ့၊ မြဝတီ ၂၇၅ ကတော့၊ ဒရုန်းနဲ့ ရော၊ မစ်ဇိုင်းနဲ့ရော ပစ်ထည့်နေတာ ၃ ရက်ရှိပြီး” ဟု ၎င်းက ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲ အတွင်း၊ ဖလူးကြီး ကျေးရွာအနီးရှိ တရုတ်မီးပန်း ဂိုထောင်ဝန်းကို အောက်တိုဘာ ၃၁ ရက်က စစ်တပ်လက်နက်ကြီးကျ ပေါက်ပြီးမီးလောင်မှု ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံး ဒဏ်ရာ ရရသည့် အခြေအနေကို မသိရှိရသေးကြောင်း ဖလူးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် လေးကေကော်၊ မင်းလက်ပံ၊ ထီးမယ်ဝါးခီး၊ ဖလူးကြီး၊ ဖလူး‌လေး၊ ရ‌သေ့ဂူ ကျေးရွာများဘက်သို့ နိုဝင်ဘာ၂ ရက် နေ့လည်ပိုင်းအထိ စစ်အုပ်စုတပ်များနှင့် KNLA မဟာမိတ်တပ်များ နှစ်ဖက် ဆက်လက် တိုက်ပွဲ ဖြစ်ပွားနေသည့် ပစ်ခတ်ပေါက်ကွဲ သံများ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်မှ ကြားသိနေရကြောင်း သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...