ကချင်ပြည်နယ်ထဲက မြို့နယ် ၃ ခုမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စု ထပ်ကြေညာ

ကချင်ပြည်နယ်ထဲက မြို့နယ် ၃ ခုမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စု ထပ်ကြေညာ

စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမယ်လို့ ကြေညာလိုက်တဲ့ မြို့နယ်တွေထဲမှာ ကချင်ပြည်နယ်ထဲက မြို့နယ် ၃ မြို့နယ် ထပ်ပါဝင်လာပါတယ်။

အဲဒါတွေကတော့ မိုးကောင်း၊ ဝိုင်းမော် နဲ့ မချမ်းဘော မြို့နယ်ဖြစ်တယ်လို့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ကြေညာလိုက်တာပါ။

ကချင်ပြည်နယ်မှာတော့ မြို့နယ် ၁၈ မြို့နယ် ရှိပြီး စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ၆ မြို့နယ်ပါပြီး အခု အပိုင်း ၂ မှာတော့ ၃ မြို့နယ်ပါဝင်တာကြောင့် စုစုပေါင်း ၉ မြို့နယ် ဖြစ်လာပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအိုနဲ့ မိုးညှင်းမြို့နယ်တို့ပါဝင်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲမလုပ်ဘူးလို့ စစ်အုပ်စုက ကြေညာထားတဲ့ မြို့နယ်တွေကတော့ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန် မြို့နယ်တို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲမှာတော့ အဲဒီ ၄ မြို့နယ်သာမက မိုးမောက်နဲ့ မံစီလည်း ပါဝင်ပါတယ်။

စစ်အုပ်စုကတော့ မံစီမှာရွေးကောက်ပွဲကျင်းပမယ်လို့ မကြေညာသေးပေမဲ့ အဲဒီမြို့နယ်ကနေ ဝင်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ရှိနေပါတယ်။

ဒါပေမဲ့ တခြားဝင်ပြိုင်မယ့်သူမရှိတာကြောင့် စစ်အုပ်စုရဲ့ ဥပဒေအရ အဲဒီမြို့မှာ ရွေးကောက်ပွဲလုပ်စမလိုဘဲ တစ်ယောက်ထဲ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းက KIA က ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပေမဲ့လည်း မဲဆွယ်စရာမလိုဘဲ သူတို့ ဥပဒေအရ အနိုင်ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လာမယ့်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီဟာ ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၄ ခုမှာ ပြိုင်ဘက်မရှိတာကြောင့် အခုကတည်းက အနိုင်ရထားပါတယ်။

KIO/KIA အနေနဲ့ကတော့ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...