တီးတိန်မြို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် စစ်အင်အားဖြည့်တင်း

တီးတိန်မြို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် စစ်အင်အားဖြည့်တင်း

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် တပ်အင်အား ဖြည့်တင်းခဲ့ကြောင်း သိရသည်။

ယမန်နေ့အောက်တိုဘာ ၂၆ နှင့် ယနေ့ ၂၇ ရက်နေ့တွင် စစ်ကော်မရှင်တပ်သည် ကလေးမြို့မှတစ်ဆင့် MI-17 ရဟတ်ယာဉ် အမျိုးအစားဖြင့် ၅ ကြိမ်ခန့် တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်စခန်းကို အင်အား ဖြည့်တင်းခဲ့သည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောသည်။

“ရဟတ်ယာဉ်‌ဆင်းတယ်။ တီးတိန်ခရိုင်မှူးရောက်တယ်လို့ပြောတယ်။ သူနဲ့အတူ စစ်သားတွေ အင်အား တိုးပေးတယ်။ မနေ့က စစ်သားအင်အား ရဟတ်ယာဉ်နဲ့ ၅ ခေါက် လာချသွားတယ်။ ဒီနေ့ကျတော့ ၄ ခေါက်လာချတယ်။ နောက် သိပ်မကြာသေးခင်က ဂျက်ဖိုက်တာ တစ်စီး ပျံဝဲနေတယ်။ ဘယ်ကို ဦးတည်ချင်တာလဲတော့ မသိသေးဘူးပေါ့နော်” ဟု ၎င်းကပြောသည်။

ရဟတ်ယာဉ်တစ်စင်းလျှင် စစ်သား ၂၀ ဦးဝန်းကျင် ပါလာနိုင်တာကြောင့် လက်ရှိ တီးတိန်သို့ ချပေးသည့် အင်အားသည် တစ်ရာဝန်းကျင်ရှိနိုင်ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် တီးတိန်မြို့ပေါ်မှာ ပုံမှန်အတိုင်းဖြစ်သော်လည်း ယခုကဲ့သို့ စစ်သားအင်အား ဖြည့်တင်းလာခြင်းကြောင့် ပြည်သူ များနေဖြင့် စိုးရိမ်ပူပန်ခြင်းမရှိဘဲ သတိရှိစွာ သွားလာနေထိုင်ကြရန် တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ပြောရေး ဆိုခွင့်ရှိသူကပြောသည်။

“စစ်တပ်က အင်းအားအများအပြား ဖြည့်တင်းလာတာဆိုတာ သူတို့ တွန်းဇံကို ပြန်သိမ်းချင်လို့ ဖြစ်နိုင်သလို။ တစ်ဖက်မှာ ရွေးကောက်ပွဲ နီးလာပြီးဆိုတော့ ဘယ်သူမှ မနှောက်ယှက်ရဲအောင်ဆိုပြီး အင်အား ဖြည့်တင်းတာလဲ ဖြစ်နိုင်တယ်လို့ ယူဆမိပါတယ်။ ဆိုတော့ ပြည်သူတွေ အနေနဲ့ စစ်ဖြစ်တော့မလားဆိုပြီး ကြောက်လန့်စရာ မလိုပေမဲ့ အသွားအလာ သတိထားကြပါ။ နောက် စစ်မိစ္ဆာနဲ့ ပူးပေါင်းတာမျိုးတွေ ဘယ်သူမှ လုံးဝမလုပ်ကြဖို့ကို ပြည်သူတွေ မှာချင်ပါတယ်။ တီးတိန်က ပြည်သူတွေရော တွန်းဇံက ပြည်သူတွေရော အရမ်းကြီး မစိုးရိမ်ကြပါနဲ့။ ကိုယ့်ဒေသမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ ပြောတာကို နားထောင်ပါ။ လိုက်နာပါ။ ဆိုတာကို ပြည်သူတွေ မှာချင်ပါတယ်” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ပြောရေး ဆိုခွင့်ရှိသူကပြောသည်။

ထို့အပြင် ယနေ့ မနက်ပိုင်းတွင် ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း CDF-CDM Siyin ထိန်းချုပ်ဒေသကို စစ်ကော်မရှင် တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနေကြောင်း CDF-CDM SIYIN က ထုတ်ပြန်ထားသည်။

Photo credit - CJ

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...