စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို အထူးစိုးရိမ်ကြောင်း KIO/KIA ဥက္ကဋ္ဌပြော

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို အထူးစိုးရိမ်ကြောင်း KIO/KIA ဥက္ကဋ္ဌပြော

လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီကျင်းပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိပြည်တွင်းစစ်ကို အတွန့်ရှည်သွားစေနိုင်တဲ့အတွက် အထူးစိုးရိမ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ KIO/KIA ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲကိုထောက်ခံသူနဲ့ ကန့်ကွက်သူ အဖွဲ့ကြီးနှစ်ခုကွဲသွားပြီး ညှိနှိုင်းပြောဆိုဖို့ ပိုပြီး ခဲယဉ်းသွားမှာဖြစ်တယ်လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုပါတယ်။

“မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာမြင်တွေ့ရတဲ့အတွက် အထူးစိုးရိမ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲကို ထောက်ခံတဲ့အဖွဲ့၊ ကန့်ကွက်အဖွဲ့ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ပေါ်ပေါ်တင်တင် ထွက်ပေါ်လာတော့မှာဖြစ်တယ်။ ဒီအဖွဲ့အစည်းနှစ်ခုက လွယ်လွယ်နဲ့ ညှိနှိုင်းဖို့ခက်ခဲသွားမယ်။ ပြည်သူတွင်းစစ်လည်း ဒီထက်ပိုပြီး ကြာရှည်သွားနိုင်တယ်”လို့ပြော KIO သတင်းဌာန Alen Yang TV ကနေ တဆင့်ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိနေကြတဲ့ပြည်သူတွေအနေနဲ့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပူးပေါင်းပါဝင်လိုက်တာဖြစ်ပေမယ့် တစ်ဦးတစ်ယောက်ပါဝင်မှုဟာ တစ်တိုင်းပြည်လုံးမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပြည်သူလူထုအားရဲ့ ဘဝကံကြမ္မာကို အဆုံးအဖြတ် ပေးလိုက်တာကြောင့် သတိထားကြဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

“လက်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေကြတဲ့ ပြည်သူတွေအနေနဲ့ မိမိရဲ့ စိတ်ထဲမှာ လက်ခံသည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ရွေးကောက်ပွဲတွေမှာ ပါဝင်ရမှာဖြစ်ပါတယ်။ အဲ့လိုတစ်ဦးတစ်ယောက်ရဲ့ ပါဝင်မှုက တိုင်းပြည်ထဲမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ဘဝကံကြမ္မာကို ဆုံးဖြတ်ပေးတယ်ဆိုတာကိုလည်း သတိထားကြပါ”လို့ပြောပါတယ်။

ဒါ့အပြင် KIO ပါတီဝင်များအနေနဲ့လည်း ဘိုးဘေးစဉ်ခေတ်အဆက်ဆက် ဆင်းတက်လာကြပြီး လူမျိုးမတူ အတူယှဉ်တွဲနေထိုင်လာကြတဲ့ ဌာနေတိုင်းရင်းသားပြည်သူတွေကို ရန်သူလိုမဆက်ဘဲ ချစ်ခြင်းမေတ္တာပြကာ စည်းလုံးညီညွှတ်စွာနေထိုင်သွားကြဖို့လည်း ဗိုလ်ချုပ်ကြီးရဲ့မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။

မိမိ ကချင်တိုင်းရင်သားလူမျိုးအချင်းအချင်း အမည်နာမဆွဲကိုင်တဲ့အပြင် သွေးခွဲစည်းရုံးပြီးတော့ စစ်လက်နက်တပ်ဆင်းပေးတဲ့ လုပ်ရပ်တွေကလည်း အဆိုးဆုံးနည်းလမ်းတွေဖြစ်ကြောင်း ပြည်သူလူထုနားလည်အောင် ရှင်ပြပြောပြကြဖို့ မိန့်ခွန်းမှာ ဆက်ပြီးတိုက်တွန်းပြောဆိုခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီကို ကန့်ကွက်ကြဖို့ KIO နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ သတိပေးပြောဆိုတာတွေလည်းရှိနေပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား၊ မိုးညှင်း၊ တနိုင်း၊ ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်း စတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကျင်းသွားဖို့လည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီလည်း ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ တရားမျှတမှုရယူရန် ရည်ရွယ်ချက်နဲ့ KIO အဖွဲ့ကို ၁၉၆၀ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်‌ထောင်ခဲ့တာ ဖြစ်ပါတယ်။

ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...
March 19, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက်...
March 18, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ် စတင်ဖွင့်လှစ်ပြီဖြစ်တယ်လို့ လေကြောင်းလိုင်းမှာ...