မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ

မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယခုနှစ်ရေကြီးရေလျှံဖြစ်ခဲ့ပြီးနောက် လူနေအိမ်တွေမှာ အဆိပ်ပြင်းမြွေတွေ အပါအဝင် တခြားမြွေအမျိုးအစားတွေကိုပါ ခပ်စိပ်စိပ်မြင်တွေ့လာရတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

မြွေတွေ့ရှိတဲ့ နေရာတွေက ရေဝပ့်လေ့ရှိတဲ့ ရမ်ပူရပ်ကွက်တွေမှာတော့ အများဆုံးတွေ့ရပြီး လယ်ကုန်း၊ မြို့သစ်ကြီး ကွက်သစ်၊ ခင်မာသီရိ အောင်နန်း စတဲ့ ရပ်ကွက်တွေမှာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

“မြစ်ကြီးနားမှာ တစ်ခြားအသင်းတွေ ဖမ်းမိတာနဲ့ ပြောမယ် ယှဉ်မယ်ဆိုရင်တော့ ရေဝင်ထားတဲ့ ရပ်ကွက်တွေက ပိုများနိုင်တာပေါ့။ ရေမဝင်တဲ့နေရာတွေ မတွေ့ဘူးလားဆိုတော့ ရေမဝင်တဲ့နေရာတွေမှာလည်း တွေ့တယ်။ အများဆုံးကတော့ ရေဝင်ထားတဲ့ ရပ်ကွက်တွေ အများဆုံး ဖြစ်မယ်လို့တော့ ယူဆလို့ရတယ်ရှင်”လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အမျိုးသမီးအဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အကောင်အရေအတွက်ကို တိတိကျကျ မသိရှိရပေမယ့် တစ်ပတ်ကို အနည်းဆုံး တစ်ကောင်ကနေ အများဆုံး ၃ ကောင်ထိ ဖမ်းဆီးရမိနေတယ်လို့ သိရပြီး အဆိပ်ပြင်းမြွေတွေဖြစ်တဲ့ ငန်းတော်ကျားနဲ့ လည်ပင်းနီမြွေ အမျိုးအစားတွေအပြင် စပါးအုံးမြွေ၊ လင်းမြွေနဲ့ တခြားအဆိပ်ပျော့ မြွေတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ယခင်က မြစ်ကြီးနားမြို့မှာ အဆိပ်ပျော့မြွေတွေကိုတောင် တစ်ခါတစ်ရံသာ တွေ့ရှိရပေမယ့်လည်း ရေကြီးရေလျှံပြီးနောက်ပိုင်းမှာ အခုလို အဆိပ်ပြင်းမြွေတွေကို ပိုမိုတွေ့ရှိလာရတာလို့ လူမူကူညီရေးအသင်းတစ်ချို့ ပြောပါတယ်။

အခုလို ရေကြီးရေလျှံပြီးနောက်ပိုင်း လူနေအိမ်တွေမှာ မြွေတွေကို ပိုပြီး တွေ့ရှိလာရတာဟာ သဘာဝပတ်ဝန်းကျင်ရှုထောင့်ကနေကြည့်ရင် ရေမြေသဘာဝ ဟေဂစနစ်၊ အစာကွင်းစက်နဲ့ ကျင်လည်ကျက်စားရာနေရာတွေ ပျက်ဆီးသွားမှုကြောင့် ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်ပြီး ကျွမ်းကျင်သူ(Environmental Advocate) ဆရာ ဇုန်းတိန့်က ခုလို သုံးသပ်ပြောဆိုပါတယ်။

“မြွေကတော့ တွင်းအောင်သတ္တဝါဖြစ်တဲ့အတွက် ရေကြီးရင်နေရာတွေ ပြောင်းကုန်တယ်လေ။ ရေတွေ ပိတ်သွားတဲ့အခါ သူ့နေရာ ပြန်သွားမယ် အချိန်မှာ လူတွေက လမ်းတွေပိတ် ရေကလည်း ကျသွားဆို မသွားနိုင်တော့ဘူးကွာ ဒါဆို ငါတို့ဆီမှာ တောင်တင်နေတဲ့ သဘောမျိုး ဖြစ်တာပေါ့။ ဆိုတော့ ကျွန်တော်တို့ ရဲ့ ခါတိုင်းထက် ထူးထူးခြားခြားတွေ့လာရတယ်”လို့ ဆိုပါတယ်။

လက်ရှိချိန်ထိတော့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ လူနေအိမ်တွေမှာ တွေ့တဲ့ မြွေတွေကို ကူညီဖမ်းဆီးပေးပြီး ဘေးလွတ်ရာတောတွေမှာ စနစ်တကျပြန်လည် လွှတ်ပေးတာမျိုး လုပ်နေတဲ့အတွက် လက်ရှိချိန်ထိတော့ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးဘူး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိဘပြည်သူတွေအနေနဲ့ မြွေတွေကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း မပြုဘဲနဲ့ မြွေနဲ့ အဝေးဆုံးနေရာမှာဘဲနေပြီး လူမှုကယ်ဆယ်ရေးအသင်းတွေထံ ဆက်သွယ် အကူအညီတောင်းခံဖို့ လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ အကြုံပြုထားတာဘဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြွေတွေဟာ သူတို့ကို ထိတွေ့ကိုင်တွယ်မှု မပြုသ၍ အန္တရာယ်မပြုတတ်တဲ့အပြင် စပါးဖျက်တဲ့ ကြွက်နဲ့ တခြားအင်းဆက် ပိုးမွှားတွေကို စားသုံးပေးခြင်းဖြင့် ဂေဟစနစ်ကိုလည်း အကျိုးပြုစေတာ ဖြစ်ပါတယ်။

Photo credit - လူမှုကယ်ဆယ်ရေးအဖွဲ့

ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...
March 19, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက်...
March 18, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ် စတင်ဖွင့်လှစ်ပြီဖြစ်တယ်လို့ လေကြောင်းလိုင်းမှာ...