မောင်တောမြို့နယ် မြောက်ပိုင်းတွင် ARSA ၏ တိုက်ခိုက်မှုကြောင့် ဆိုင်ကယ်ကယ်ရီသမား ၁ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ARSA ၏ တိုက်ခိုက်မှုကြောင့် ဆိုင်ကယ်ကယ်ရီသမား ၁ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်၊မောင်တောမြို့နယ်မြောက်ပိုင်းနံသာတောင် -သာယာကုန်းကျေးရွာလမ်းမှာ ARSA အကြမ်းဖက်အဖွဲ့ ပစ်ခတ်မူကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ရပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ရကြောင်း သိရသည်။

သေဆုံးသူမှာ ကျီးကန်းပြင်အနီး အောင်သာယာကျေးရွာမှ ဆိုက်ကယ်ကယ်ရီသမား ကိုကျော်စိုးဝင်း ဖြစ်သည်။

၎င်းသည် အောက်တိုဘာ ၂၁ ရက်ယနေ့ နေ့လယ် ၂ နာရီကျော်၌ နံသာတောင်ကျေးရွာ လူတစ်ဦးအား ဆိုင်ကယ်ဖြင့် လိုက်ပို့စဉ် သာယာကုန်းလမ်း၌ ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။

“ဆိုက်ကယ်သမားက ဒီနေ့ နေ့လယ်ပိုင်းမှာ နံသာတောင်စခန်းက လူတစ်ဦးကို ကြိမ်ချောင်းကို လိုက်ပို့တာ။ သာယာကုန်းလမ်းမှာ အာဆာက ခြုံခိုပြီး ပစ်တယ်။ ဆိုက်ကယ်သမားက ပွဲချင်းပြီး သေသွားတယ်။ AA တပ်ဖွဲဝင်ကတော့ ဒဏ်ရာရရှိသွားတယ်” ဟု နံသာတောင် ရွာသားတစ်ဦးက ပြောကြားသည်။

ထိုလမ်းအား ကားကြီးများ သွားလာခွင့်အား လမ်းများပျက်စီးနေသဖြင့် အာရက္ခတပ်တော် AA မှ လမ်းကို ပိတ်ထားဆဲဖြစ်ပြီး ဆိုင်ကယ်များဖြင့် သွားလာကြစဉ် ခြုံခိုတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

သာယာကုန်းကျေးရွာခံတစ်ဦးက “ဒီလမ်းတွေကို ကားကြီးတွေ သွားလာလို့ရအောင် ပြုပြင်ပေးရမယ်။ ကားနဲ့ဆို ကာပါလည်းရတယ်။ လူအင်အားလည်း များတယ်။ အာဆာခြုံခိုတိုက်ရင်လည်း ပြန်ပြီး ခုခံလို့ရတယ်။ အခုက

ဆိုက်ကယ်တွေနဲ့ဆိုတော့ ပစ်ချင်သလို ပစ်လို့က ရနေတယ်။ အခုဆို ဒီလမ်းမှာ အာဆာခြုံခိုတိုက်ခိုက်တာ ၃ ကြိမ် ရှိနေပြီ” ဟု ပြောဆိုသည်။

အောက်တိုဘာ ၅ ရက်၌ မောင်တောမြို့နယ်၊ လိပ်ရခွဆုံနှင့် သာယာကုန်းကျေးရွာအကြား ဆိုက်ကယ် ကယ်ရီသမား ပြည်သူ ၃ ဦးအား စစ်‌‌သွေးကြွ ARSA အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်မူကြောင်း တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ရသည်။

ထိုအတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့၌ လိပ်ရ‌(မွတ်ဆလင်)ကျေးရွာ လမ်းခွဆုံ၌ ခရီးလားသည့် ဒေသခံ ဆိုင်ကယ်ကယ်ရီသမား ၃ ဦးအား စစ်သွီးကြွ ARSA နှင့် RSO အဖွဲ့များ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ကယ်ရီသမား ၃ ဦးအနက် ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ကျန် ၂ ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ရသည်။

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...