လန်ဆယ်ကျေးရွာဘက်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်

လန်ဆယ်ကျေးရွာဘက်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်
Photo credit - SAC
Photo credit - SAC

ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာဘကကို အောက်တိုဘာလ ၂၁ ရက်နေ့ ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်က Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အဲဒီဘက်မှာ Y12 နဲ့ ဗုံးလာချသွားတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ဘယ်မှချသွားတယ်၊ ထိခိုက် သေဆုံးမှု ဘယ်လောက်ရှိတယ်ဆိုတာတွေတော့ မကြားသိရသေးဘူး။”လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ပြည်သူတွေကို ထိခိုက်မှုမရှိပေမဲ့ လူနေကုန်ဆုံဆိုင်တစ်လုံး မီးလောင် ပျက်စီးသွားတယ်လို့လည်း ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kagabu People's Force - KPF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ခေါင်လန်ဖူး၊ လန်ဆယ်သွားတဲ့လမ်းဆိုတာ လက်နက်ကြီးပစ်ရင်တောင် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လန်ဆယ်ရွာနဲ့ ဘာမှမကြားရပါဘူး။ ဒါပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အကြောက်တရား သွတ်သွင်းပြီးတော့မှ ရည်ရွယ်ချက်ရှိရှိကို တိုက်ခိုက်ပြီးတော့မှ လုပ်ဆောင်တယ်လို့ပဲ မြင်ပါတယ်။” လို့ ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လန်ဆယ်ဒေသ၊ လဟေဇီးတောင် အရှေ့ဘက်မှာ စစ်ကော်မရှင်တပ်တွေကနေ ထိုးစစ်ဆင်တိုက်ခိုက်လာပြီး KIA နဲ့ပူးပေါင်းတပ်တွေက ပြန်လည်ခုခံနေတာကြေင့် တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့လည်း ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ လန်ဆယ်ကျေးရွာအတွင်း လေကြောင်းနဲ့ မကြာခဏဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး လွန်ခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့နဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေထိခိုက်သေဆုံးတာတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

အဲဒါကြောင့် KIA ထိန်းချုပ်ဧရိယာအတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ လေကြောင်းရန်ကို အမြဲသတိထားဖို့ သတိပေးပြောဆိုထားတယ်လို့လည်း သိရပါတယ်။

KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပန်ဝါဒေသအပါ ချီဖွေ၊ ဆော့လော်မြို့နယ်တွေကို ၂၀၂၄ ခုနှစ်အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။ လန်ဆယ်ဒေသဟာ ရွှေအထွက်များတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၇ နာရီဝန်းကျင်ကလည်း ဖာကန့်ဒေသ၊ KIA တပ်ရင်း ၆ တည်ရှိရာနေရာကို စစ်ကော်မရှင်က Y12 နဲ့ ဗုံးအလုံး ၄၀ လောက် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...