ကလေးမြို့နယ်အတွင်း အရေးပေါ်စစ်ဘေးရှောင်ရတဲ့ ဒေသခံပြည်သူ တစ်သောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေ

ကလေးမြို့နယ်အတွင်း အရေးပေါ်စစ်ဘေးရှောင်ရတဲ့ ဒေသခံပြည်သူ တစ်သောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေ
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြိုနယ်အတွင်းရှိ ကလေး-တမူး လမ်းနှင့် ကလေး-ဂန့်ဂေါ လမ်းတွေမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံပြည်သူ လူဦးရေ တစ်သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လက်ရှိ နေရပ်တိမ်းစွန့်ခွာ စစ်ဘေးရှောင်ဒေသခံပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စသည့် အကူအညီများ လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတစ်ဦးက “လက်ရှိ စစ်ကောင်စီနဲ့ လွတ်တဲ့ တောထဲတွေ သူတို့နဲ့ ဝေးရာ အဆင်ပြေတဲ့နေရာတွေ လုံခြုံတယ်လို့တော့ မဟုတ်ဘူးပေါ့နော် အဲဒီနေရာမှာ နေတဲ့သူက အိမ်ထောင်စု တစ်ထောင်ကျော်၊ လူဦးရေ တစ်သောင်းကျော်လောက်ရှိနေတယ်။ လက်ရှိအခြေအနေရ စစ်ရှောင်စခန်းဆိုပြီးလည်း ထားလို့ မရတော့ ဒီလိုဘဲ အဆင်ပြေသလို နေထိုင်နေကြတယ်” လို့ပြောပါတယ်။

အရေးပေါ်တိမ်းရှောင်နေရသည့် ဒေသခံပြည်သူတို၏ လိုအပ်ချက်များ အချိန်မီဖြည့်တင်းနိုင်ရန် ကလေးမြို လူထုတိုက်ပွဲ ဦဆောင်ကော်မတီအနေဖြင့် အရေးပေါ်တုံပြန်ရေးနှင့် ကူညီရေးအဖွဲ့အား ဖွဲစည်းထားလိုက်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာရောက် မိဘပြည်သူများ၊ ဒေသတွင်း မိတ်ဖက်အဖွဲအစည်းများ၊ ပြည်တွင်း ပြည်ပရှိ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲအစည်းများနှင့် နိုင်ငံတကာအဖွဲအစည်းများအနေဖြင် လက်ရှိ ကလေးမြိုနယ်အတွင်းရှိ နေရပ်တိမ်းရှောင်နေရသည့် ဒေသခံမိဘပြည်သူတို၏ အရေးပေါ် လိုအပ်နေသည့် အခက်အခဲများ စောင့်ကြည့်ကာ ပံ့ပိုးကူညီဖို့ကိုလည်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဆိုပါတယ်။

အရေးပေါ်နေရပ်တိမ်းရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့လိုသူများအနေဖြင့် NUG Pay,SDB Bank account တိုဖြင့်လုံခြုံစိတ်ချစွာ ကူညီထောက်ပံ့နိုင်ရန် စီစဉ်ထားရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့က ကလေးမြို့ကို အောက်တိုဘာလ ၁၆ ရက်နေ့လောက်ကစလို့ စစ်ထောက်ပို့လေယာဉ်တွေနဲ့ စစ်အင်အားအများအပြားကို ပို့ဆောင်ထားပြီး ကလေးမြို့နယ် မြောက်ပိုင်း

ကလေး - တမူးလမ်းနဲ့ ကလေးတောင်ပိုင်း ကလေး - ဂန့်ဂေါလမ်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်လာနေတယ်လို့လည်း သိရပါတယ်။

March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...
February 28, 2026
နှစ်ရှည်လများ အမှောင်ချခံထားရတဲ့ လွတ်မြောက်နယ်မြေဒေသတွေထဲ ချင်းပြည်နယ်ထဲက ဖလမ်း၊ ကန်ပက်လက်၊...
February 26, 2026
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ ( ပလက်ဝ...
February 25, 2026
“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘...