တွန်းဇံမြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်း တိုက်ခိုက်၊ နေအိမ် ၃ လုံး ပျက်စီး

တွန်းဇံမြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်း တိုက်ခိုက်၊ နေအိမ် ၃ လုံး ပျက်စီး

အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၂:၁၆ နာရီ ခန့်က စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ တစီးဖြင့် တွန်းဇံမြို့ကို ဗုံးနှစ်လုံး ကြဲချခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးသွားတယ်လို့ တွန်းဇံမြို့နေ ပြည်သူတစ်ဦးထံမှ သိရှိရပါတယ်။

“ဗုံးတလုံးက တွန်းဇံမြို့ မီးသတ်ကုန်း အနားမှာ ကျရောက် ပေါက်ကွဲခဲ့တယ်။ နောက်တလုံးက Khuavung ရပ်ကွက်ထဲမှာ ကျရောက် ပေါက်ကွဲခဲ့တယ်။ အခု ပျက်စီးသွားတဲ့ နေအိမ်တွေက လူတွေ မရှိတဲ့အချိန် ဖြစ်နေတော့ လူထိခိုက်မှုမရှိဘူး” လို့ တွန်းဇံဒေသခံ တစ်ဦးထံမှ သိရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ မီးသတ်ကုန်း ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ မိသားစုတွေနဲ့ Khuavung ရပ်ကွက်နေ ပြည်သူတွေဟာ တခြားရပ်ကွက်မှာ ရှိတဲ့ ဆွေမျိုး မိတ်ဆွေများထံ တိမ်းရှောင် ခိုလှုံနေခဲ့ရတယ်လို့လည်း ဒေသခံများထံမှ ဆက်လက် သိရှိခဲ့ရပါတယ်။

ယခု ရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်ဟာ ချင်းပြည်နယ်ဘက်ကို ရက်ဆက် နီးပါး လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးမြို့နယ် ဗန်ဟားကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် ကျောင်းနေ ကလေး (၂)ဦး သေဆုံး ခဲ့ရပြီး (၂၁) ဒဏ်ရာ ရရှိခဲ့သည်။

အောက်တိုဘာ ၁၁ ရက်နေ့မှာ မတူပီ မြို့ပေါ်ကို ဗုံးကြဲ တိုက်ခိုက်တာကြောင့် လူသေဆုံးမှု ရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၈ ရက်နေ့မှာလည်း မင်းတပ်မြို့နယ်ရှိ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာတို့ကို ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်း ၁ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာ ရှိခဲ့ကြောင်း သိရှိခဲ့ရ ပါတယ်။

တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာ Chinland Council အဖွဲ့မှ သိမ်းပိုက်ခဲ့ပြီး လက်ရှိ အချိန် အထိ Chinland Council အဖွဲ့မှ ထိန်းချုပ်ထားတဲ့ မြို့လည်းဖြစ် ပါတယ်။

March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...
February 28, 2026
နှစ်ရှည်လများ အမှောင်ချခံထားရတဲ့ လွတ်မြောက်နယ်မြေဒေသတွေထဲ ချင်းပြည်နယ်ထဲက ဖလမ်း၊ ကန်ပက်လက်၊...
February 26, 2026
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ ( ပလက်ဝ...
February 25, 2026
“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘...