ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ နေအိမ် ၃၀ ထက်မနည်း မီးရှို့ခံရ

ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ နေအိမ် ၃၀ ထက်မနည်း မီးရှို့ခံရ
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ စစ်ကြောင်းထိုးလာပြီး နေအိမ် (၃၀)ထက်မနည်း အကြောင်းပြချက်မရှိဘဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ခေါင်းအီးကျေးရွာအုပ်စု ဘောရန်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ် (၃၀) ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Phekhon Shan Youth Network ၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် အစောပိုင်းမှာ ဘောရန် အောက်ရွာမှာ မီးရှို့ခံထားရတာ။ အနည်းဆုံးတော့ နေအိမ် အလုံး ၃၀ ပြာကျသွားတယ်။ စစ်တပ်ကလည်း ရွာထဲမှာရှိတယ်” ဟု ၎င်း တာဝန်ရှိသူတစ်ဉီးကပြောသည်။

စစ်ကော်မရှင်တပ်နှင့် PNO တို့သည် ယခု အောက်တိုဘာ ၁၁ ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု၊ ဘောရန်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာပြီး ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူဦးရေ တစ်ထောင်ခန့်နေထိုင်သည်။ ထိုဒေသခံများသည် စစ်ကော်မရှင်နှင့် PNO တပ်တို့ (အောက်တိုဘာ ၁၁ ရက်)တွင် ၎င်းကျေးရွာသို့ ဝင်ရောက်လာချိန်မှစပြီး အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင် နေကြသည်။

“အဲ့စစ်ကော်မရှင် စစ်ကြောင်းထိုးတဲ့ ရက်ကတည်း ဒေသခံတွေက နီးစပ်ရာကျေးရွာနဲ့ တောထဲ ထွက်ပြေးနေကြပြီ။ လူက တစုတဝေးတည်းမဟုတ်တော့ဘူး။ ရွာထဲမှာ အမျိုးသားတွေ အနည်းငယ်တော့ ကျန်တယ်” ဟု ၎င်းက ဆိုသည်။

ဖယ်ခုံ – ပင်လောင်း နယ်စပ် နှင့် ဖယ်ခုံ – ကရင်နီ (ကယား)နယ်စပ်ရှိ ကျေးရွာများတို့တွင် စစ်ကော်မရှင်နှင့် PNO တို့ ပြန်လည်ထိုးစစ်ဆင်မှုကြောင့် ဒေသခံများ ၄၀၀၀ ခန့် စစ်ဘေးရှောင်နေကြ ရကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၉) ရက်နေ့ နှင့် (၁၀) ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် ဖယ်ခုံ – ပင်လောင်း နယ်စပ်ရှိ မြောက်စလုံးကျေးရွာကို ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...
August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...
ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...