ကျိုက်ထိုမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးငွေညှစ်မှုပိုများလာ

ကျိုက်ထိုမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးငွေညှစ်မှုပိုများလာ
Photo credit - CJ
Photo credit - CJ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင် လက်အောက်ခံတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးငွေညှစ်မှု ပိုများလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလဆန်းပိုင်းကစလို့ ကျိုက်ထို-ကော့ထင်းကျေးရွာလမ်းပိုင်း၊ တောင်ပိုင်းရပ်ကွက်- တိုင်ကော်ကျေးရွာလမ်းပိုင်းအပါအဝင် ကျေးရွာချင်းဆက် လမ်းပိုင်းတွေမှာ ဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်နေတာပါ။

အဲဒီလို ဖမ်းဆီးငွေညှစ်ရာမှာတော့ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူ စီးနင်းတာအပြင် ဒေသန္တ ရအမိန့် ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး ငွေညှစ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းကနေ ကျပ် သိန်း ၁၅၀ အထိ တောင်းခံတာတွေ ရှိနေပြီး ငွေမပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းတပ်သား စုဆောင်းတာတွေ ရှိနေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အခုရက်ပိုင်းအတွင်း တိုင်ကော်၊ကော့ထင်း၊ ခလွန်၊ ကျိုက္ကသာကျေး ရွာနဲ့ ကော့စံနိုင်ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်တွေက လူငယ်တွေ ၂၀ နီးပါး ဖမ်းဆီးငွေညှစ်ခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးငွေညှစ်မှုကနေ ရရှိလာတဲ့ ငွေတွေကိုတော့ စစ်တပ်၊ ရဲအပါအဝင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်တွေ အချိူးကျခွဲဝေယူကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ကျိုက်ထိုမြို့နယ် ဌက်ပျောတောကျေးရွာရှိ ရွှေလုပ်ကွက်တွေကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီး လူ ၅၀ နီးပါး ဖမ်းဆီးသွားကာ ငွေပေးနိုင်သူတချို့ ပြန်လွတ်လာပေမယ့် အများစုက စစ်မှုထမ်းသင်တန်းပို့ခံလိုက်ရတယ်လို့ သိရပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...