ဂုတ်ကြီးရွာနီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

ဂုတ်ကြီးရွာနီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ
Photo credit - CJ
Photo credit - CJ

မကွေးဘက်ခြမ်း အမ်း - ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာအနီး ပတ်ဝန်းကျင်နေရာများတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ဂုတ်ကြီးရွာသို့ စစ်ကောင်စီက ထိုးဖောက်နေကာ AA ကလည်း တန်ပြန်ထိုးစစ်လုပ်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

"အဲဒီအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတယ်။ နှစ်ဖက်စလုံးက ဟိုဖက်ကထိုး ဒီဖက်ကထိုးနဲ့ ဖြစ်နေကြတာ။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်" ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် နတ်ရေကန်ဗျူဟာကုန်းကြီး၏ အဓိက ကာကင်းစခန်းဖြစ်သော ဂုတ်ကြီးရွာကို ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

လက်ရှိ မကွေးဘက်ခြမ်း အမ်း - ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်း တစ်ခုသာကျန်တော့ပြီး အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

အာရက္ခတပ်တော်သည် အဆိုပါဗျူဟာကုန်းကို တိုက်ခိုက်နေသည်မှာ လအတန် ကြာမြင့်လာနေပြီဖြစ်ပြီး တစ်ပြိုင်နက်တည်း ဗျူဟာကုန်းအနီးပတ်ဝန်းကျင်နှင့် ထောက်ပို့လမ်းကြောင်းများကို တိုက်ခိုက်လျက်ရှိနေသည်။

"ဗျူဟာကုန်းဆိုတဲ့အတိုင်း ပထဝီ သဘောအရလည်း အထက်နဲ့အောက်။ အေအေက ထိုးစစ်မြှင့်ရင် အပေါ်တက်တိုက်ရမယ် ထိခိုက်မှုများ နိုင်တယ်ပေါ့။ ဒါကြောင့်လည်း ဘေးပတ်ဝန်းကျင်က အကာအရံစခန်းတွေ၊ အထောက်ပံ့ပေးနိုင်တဲ့နေရာကို ရှင်းလင်းပြီး နည်းဗျူဟာကျကျ စခန်းကုန်း သိမ်းဖို့ စစ်ရေးအစီအမံနဲ့ တိုက်နေတယ်လို့မြင်တယ်။ ဒါကြောင့်လည်း တိုက်ပွဲက ကြာရှည်နေတာ" ဟု ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ရှုမြင်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစတင်ခဲ့သည့် အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများမှာ လက်ရှိတွင် နှစ်နှစ်နီးပါးရှိလာပြီဖြစ်ကာ AA က ကျောက်ဖြူအပြင် ရခိုင်နှင့်အစပ် တိုင်းသုံးခုတွင် ထိုးစစ်များ ဆက်လက် ဆင်နွှဲလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...