မင်းလက်ပံကျေးရွာ ဆေးပေးခန်း အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခံရမှု အရပ်သား နှစ်ဦးထိခိုက်

မင်းလက်ပံကျေးရွာ ဆေးပေးခန်း အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခံရမှု အရပ်သား နှစ်ဦးထိခိုက်

အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ပိုင်း လေးကေကော်မြို့သစ်ကျေးနယ်ရှိ မင်းလက်ပံကျေးရွာကို အောက်တိုဘာ ၂ ရက် ည ၁၁ နာရီကျော်အချိန်က ကာမီကာဇေ (အသေခံ) ဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခဲ့ရာ၊ ကျေးရွာဆေးခန်းနှင့် လူနေအိမ်များ ပျက်စီးသည့်အပြင် ရွာသား ၂ ဦး ဗုံးအစမှန် ဒဏ်ရာရခဲ့ကြောင်း ကျေးရွာသတင်းအရင်းအမြစ်က ဖော်ပြသည်။  

“အခု တစ်ညနဲ့ပါဆိုရင် ၄ ကြိမ်ရှိပြီ၊ မင်းလက်ပံရွာကို အသေခံဒရုန်းတွေကြဲချနေတာ၊ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်း၊ လူနေအိမ်နဲ့ အခုညတုန်းကကျတာ ဆေးခန်းပေါ့နော်။ ဘေးအိမ်နှစ်လုံးလည်း ပျက်စီးတယ်။ အိမ်စောင့် နေတဲ့ လူ ၂ ယောက်လည်း အစမှန်ကုန်တယ်။ ရွာသားတွေက သောင်ရင်းမြစ်ကမ်းနားကို စစ်ရှောင်နေကြလို့ တော်သေးတယ်” ဟု မင်းလက်ပံကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက ပြောသည်။

လတ်တလောတွင် လေးကေကော်၊ ထီးမယ်ဝါးခီး၊ ကျောက်တောင်နေရာများဘက်တွင် စစ်တပ်စစ် ကြောင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA မဟာမိတ်တပ်ဖွဲ့များ ၁၂ မြောက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ စစ်တပ်၏ ဒရုန်း၊ မစ်ဇိုင်း၊ လက်နက်ကြီးများ အဆမတန်ပစ်ခတ်ပြီး တိုက်ခိုက်နေကြောင်း သိရှိရသည်။

“သူတို့စစ်တပ်က လက်နက်ကြီး၊ ဒရုန်း တော်တော်လေးသုံးပြီးတိုက်တယ်၊ မြေပြင်ကလည်း စစ်သားသစ်တွေ လူ လှိုင်းလုံး စစ်ဆင်တဲ့ပုံစံမျိုးနဲ့တက်လာတယ်။ ကိုယ့်ဘက်လည်းထိတယ်၊ သူဘက်လည်းပုံနေရောပဲ၊ ထိတဲ့သူ တွေတော့ မြဝတီဘက်ပြန်သယ်ထုတ်နေတယ်” ဟု KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ စစ်တပ်က လေးကေကော်ဒေသအား စစ်ဆင်တိုက်ခိုက်နေသည့်တစ်ပြိုက်နက် မယ်ထော်သလေး/ ဝေါလေလမ်းပိုင်းရှိ ဖလူး၊ မင်းလက်ပံ၊ မယ်ထော်သလေးရွာများအား နေ့ရော/ညပါ အသေခံဒရုန်းများဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။

စက်တင်ဘာ ၂၆ ရက်မှ ယခုအောက်တိုဘာ ၂ ရက်အထိ ဒရုန်းတိုက်ခိုက်မှု

၁၀ ကြိမ်ထက်မနည်းရှိနေပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ လူနေအိမ်နှင့် ဈေးဆိုင်များ ပျက်စီးသည့်အပြင် အရပ်သား ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။

Photo credit - CJ

Most read this week

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...