ဆဒုံးလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၁ ဦးထိ ရှိလာ

ဆဒုံးလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၁ ဦးထိ ရှိလာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၁၁ ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရှိသူ ၆ ဦးကတော့ ဆေးကုသမှု ခံယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ စက်တင်ဘာလ ၃၀ ရက်က ထုတ်လွှင့်တဲ့ ရုပ်သံသတင်းမှာတော့ ဆဒုံးမြို့အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရာမှာတင် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၃ ဦးကတော့ ဆေးကုသမှုခံယူဖို့ ဆေးရုံသွားတဲ့လမ်းမှာ သေဆုံးသွားတာလို့ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဆဒုံးမြို့၊ ဈေးအတွင်း စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်လောက်က ဂျက်ဖိုက်တာနဲ့ ဗုံးလေးကြိမ် ကြဲချတိုက်ခိုက်ခဲ့တာပါ။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဈေးအတွင်းက နေအိမ်နဲ့ ဈေးဆိုင်တွေ ၂၀ ကျော် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဆဒုံးမြို့အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလို အခုလို တိုက်ခိုက်တာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ မှတ်ချက်ပြုလိုတဲ့အကြောင်း ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

“ဆဒုံးမှာက တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ မနှစ်က သူတို့လက်လွှတ်လိုက်ရတဲ့ နေရာဖြစ်တဲ့အတွက် ဗုံးကြဲတာလည်း ဖြစ်နိုင်တယ်။ ပြည်သူတွေပဲရှိတဲ့နေရာမှာ ဗုံးကြဲတာက မကောင်းတဲ့လုပ်ရပ်ပေါ့။ နိုင်ငံတကာ စစ်ရာဇဝတ်မှု ကျုးလွန်တာလို့ မှတ်ချက်ပြုလိုတယ်” လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲ ကလေးငယ်တွေပါ ပါဝင်ပြီး ဆဒုံးမြို့ဖြစ်ရပ်ကြောင့် KIO/KIA ထိန်းချုပ်နယ်မြေမှာ ရှိနေတဲ့ စာသင်ကျောင်းအချို့တွေလည်း သတိထားနေရမှာဖြစ်တယ်လို့လည်း နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးက သတိပေးပြောဆိုပါတယ်။

ဝိုင်းမော်-ကန်ပိုက်တီလမ်းပေါ်မှာရှိတဲ့ ဆဒုံးမြို့ကိုကို KIA ဘက်ကနေ ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ရယူထားပါတယ်။

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...