စစ်မှုထမ်း သင်တန်းသား ခုနှစ်ဦး KNU ထံ ထွက်ပြေးခိုလှုံ

စစ်မှုထမ်း သင်တန်းသား ခုနှစ်ဦး KNU ထံ ထွက်ပြေးခိုလှုံ

တနင်္သာရီတိုင်း ပလောက်မြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင် တန်းကျောင်းမှာ စစ်မှုထမ်း သင်တန်းရောက်နေတဲ့ သင်တန်းသား ခုနှစ်ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အဲဒီစစ်မှုထမ်း သင်တန်းသား ခုနှစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး

တပ်မတော် KNLA တပ်မဟာ(၄)ထံ လက်နက်မဲ့ ထွက်ပြေးခိုလှုံခဲ့တာပါ။

ထွက်ပြေးခိုလှုံလာတဲ့ စစ်မှုထမ်း သင်တန်းသား ခုနှစ်ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်‌နေစဉ် ဖမ်းဆီးခံရပြီးနောက် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ် စစ်မှုထမ်း တပ်သားစုဆောင်းခံခဲ့ရပါတယ်။

အခုလို အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာသိမ်းစစ်တပ်အတွင်းက တပ်သားတွေအနေနဲ့ အလင်းဝင်ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ကလိန်အောင်မြို့အခြေစိုက် အမှတ် ၄၀၉ ခြေမြန်တပ်ရင်းက တပ်သားနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...