နေရပ်မပြန်နိုင်သေးသည့် ပင်လောင်းမြို့နယ် စစ်ဘေးရှောင် ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူညီလိုအပ်

နေရပ်မပြန်နိုင်သေးသည့် ပင်လောင်းမြို့နယ် စစ်ဘေးရှောင် ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူညီလိုအပ်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် (၂) နှစ်ကျော်ကြာ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ (၆,၀၀၀) ဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းက ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ထိုစစ်ဘေးရှောင်များသည် ပင်လောင်းမြို့နယ် တောင်မဲသင်း ကျေးရွာ၊ နန်းနိမ့်ကျေးရွာ၊ ပင်ပုံကျေးရွာနှင့် လုံးပျဉ်ကျေးရွာမှ ဒေသခံများ ဖြစ်ကြသည်။

လက်ရှိ စစ်ဘေးရှောင်များသည် ပင်လောင်းမြို့နှင့် ၁ နာရီခန့်ကြာ ကားမောင်းသွားရသော ပင်ခွန်ကျေးရွာ၊ မန်းထားကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာဘက်တွင် ထွက်ပြေးခိုလှုံနေရပြီး စားနပ်ရိက္ခာအတွက် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာခံတွေက နေရာတွေပေးတော့ သူတို့လည်း ကမ့်လိုလုပ်ပြီးနေနေကြတာ။ လူဦးရေကတော့ ၆ ထောင် ဝန်းကျင်လောက် ရှိတယ်၊ အများစုကတော့ တဲထိုးပြီးနေနေကြတာပါ။ သူတို့က အဲ့ရွာတွေမှာ ရောက်နေတာ ၃ နှစ်လောက်ရှိတော့မယ်။ ခုထိ ပြန်လို့ မရသေးဘူး”ဟု စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် အလုပ်အကိုင်ရှားပါးခြင်း၊ အလှူရှင်များ မရှိခြင်းကြောင့် စစ်ဘေးရှောင်များအတွက် အခက်အခဲများစွာ ကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေက ပြီးခဲ့တဲ့ နှစ်ပတ်လောက်က စားနပ်ရိက္ခာတွေ အကူညီလိုကြောင်း တောင်းလာတယ်။ အလှူရှင် ကလည်း မရှိတော့ ကျနော်တို့လည်း ဘာမှကို ပြန်မပြောရသေးဘူး။ သူတို့အတွက်ကလည်း နေ့စာအလုပ်တွေက မရှိသလောက်ကို ပါးနေတော့ ဆန်၊ဆီ၊ဆားတွေ ဝယ်ဖို့တောင် အကူညီလိုနေတာ” ၎င်းက ပြောသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ၊ ပင်ပုံကျေးရွာနှင့် လုံးပျဉ်ကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်ဖွဲ့တိုက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသော်လည်း စစ်ဘေးရှောင်များသည် နေရပ်မပြန်နိုင်ကြသေးပေ။

ပြီးခဲ့သည့် သြဂုတ်လမှစတင်ပြီး နိုင်ငံခြားထုတ်ကုန်ပစ္စည်းများကို စစ်ကော်မရှင်မှ တင်သွင်းခွင့် ပိတ်ပင်ခြင်းကြောင့် ပင်လောင်းမြို့နယ်တွင် ဆေးဝါးအချို့ နှင့် ကလေးသုံးဒိုက်ဘာများ စတင်ပြတ်လပ် နေပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...