ဗျူဟာအရ အရေးပါသည့် ကျုံဘိုင်း ဗျက္ခသီ ဘုရားကုန်း၌ တိုက်ပွဲပြင်းထန်နေ

ဗျူဟာအရ အရေးပါသည့် ကျုံဘိုင်း ဗျက္ခသီ ဘုရားကုန်း၌ တိုက်ပွဲပြင်းထန်နေ

ကျုံဒိုးမြို့အနီး၊ ကျုံဘိုင်းကျေးရွာရှိ၊ ဗျက္ခသီဟ ဘုရားကုန်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ မဟာမိတ် ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေသည်ဟု မြေပြင်ရှိ ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။

ကျုံဒိုးမြို့အနီး မြောက်ဘက်၊ ကျုံဘိုင်းဘုရားတောင်ရွာရှိ၊ ဗျက္ခသီဟ ဘုရားကုန်းကို စခန်းထိုင်နိုင်ရေး ရည်ရွယ်၍ စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းဖြင့် စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ စစ်ဆင် တိုက်ခိုက်နေသော်လည်း တော်လှန်ရေး ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်နေသည့်အတွက် စစ်တပ် စစ်ကြောင်းတပ်ပြန်လန် နောက်ဆုတ်သွားရသည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ယခုလို ပြောသည်။

“စစ်တပ်က ဂျက်ဖိုက်တာနဲ့ စက်တင်ဘာလ ၁၃၊ ၁၄ ရက် နေ့လည်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံးသီး ၄ လုံး ကြဲတယ်။ ကျုံဘိုင်းကုန်း၊ ဗျက္ခသီဟ ဘုရား တခြမ်းဗုံးထိတယ်။ ‌ နောက်တစ်ပတ် ပျံပတ်လာတော့ လေယာဉ် စက်ပျက်တယ်နဲ့တူတယ်၊ မီးခိုးအူပြီး လှည်ပျံသွားတယ်။ နောက်ထပ် တစ်စင်းထပ်လာကြဲတယ်။ မြေပြင်က ရဲဘော်တွေတော့ ဗုံးထိတာမျိုး မရှိပါဘူး။ ဂျက်နဲ့ ၁၃ ရက်က‌နေအခု ၁၅ ရက်အထိ ဗုံးလာကြဲတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျုံဘိုင်းရွာအား အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် အင်းကြီးရွာ ဘက်သို့လည်း အလားတူ ဗုံးကြဲပစ်ကူပေး တိုက်ခိုက်သော်လည်း မြေပြင် စစ်တပ်စစ်ကြောင်းကို KNLA မဟာမိတ် တပ်များက တိုက်ခိုက်ခြေမှုန်း နေသည့်အတွက် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းဘက်သို့ စစ်တပ် ဖောက်ထွက်လာ နိုင်ခြင်း လက်ရှိ အချိန်ထိ မရှိသေးကြောင်း သိရသည်။

“နေ့တိုင်းဘဲ လက်နက်ကြီးကတော့ ခြေမြန်တပ်ရင်း (၅၄၅/၅၄၆) က ပုံမှန်ဘဲ ပစ်ထုတ်နေတာ။ ဒရုန်းလည်း နေ့တိုင်း တက်လာကြဲတယ်။ အခုက နဘူးဘက်က(ခမရ- ၅၄၇/၅၄၈/၅၄၉ )တပ်တွေ ဘက်ကပါ၊ ထို့ကော်ကိုး၊ ထီးဖိုးစံ၊‌ နောင်တပွဲရွာ‌တွေဘက်ကို တပ်ဖြန့် တိုက်ဖို့လုပ်နေတယ်။ စစ်ကူတွေရောက်နေတယ်” ဟု နဘူးကျေးရွာ စစ်သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ မြေပြင်တွင် KNLA၊ မဟာမိတ်တပ်ဖွဲ့ နယ်မြေလှုပ်ရှား စစ်ကြောင်းများဘက်က ကျုံဒိုးနှင့် နဘူးဒေသရှိ စစ်တပ် တပ်ရင်း၊ တပ်စခန်းများ၊ စစ်ကြောင်းများအား နေရာစုံမှ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေ၍ အာဏာသိမ်း စစ်တပ်၏ ကျုံဒိုး-ကော့ကရိတ်မြို့နယ်၊ နယ်မြေရှင်းလင်းရေး စစ်ကြောင်းများ အရေးနိမ့် နေသည်ဟု မြေပြင် သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...