သပိတ်ကျင်းတွင် စာသင်နေသည့်အိမ် လေကြောင်းမှ ဗုံးကြဲခံရ၊ ကလေးတစ်ဦးသေ၊ ၇ ဦးဒဏ်ရာရ

သပိတ်ကျင်းတွင် စာသင်နေသည့်အိမ် လေကြောင်းမှ ဗုံးကြဲခံရ၊ ကလေးတစ်ဦးသေ၊ ၇ ဦးဒဏ်ရာရ
Photo - CJ
Photo - CJ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ကျောက်ဖြူကျေးရွာရှိ ကလေးငယ်များ စာသင်နေသည့် နေအိမ်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှာ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ထိမှန် ဒဏ်ရာရခဲ့ သည်။

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်ထဲက ကျောက်ဖြူကျေးရွာကို စစ်တပ်က လေယာဉ်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မန္တလေး PDF အဖွဲ့က ထုတ်ပြန်ထားသည်။

ဒေသခံတစ်ဦးက “လေယာဉ်နဲ့ ပစ်သွားတာပါဗျ။ ကျနော်တို့ဆီက ကလေးတွေ စာသင်နေတဲ့ အိမ်ထိသွားတာပါ။ စာသင်ဝိုင်းလို့ပဲ ပြောရမှာပေါ့နော်။ အဲ့ဒီစာသင်ဝိုင်းကို ဗုံးကြဲတာ၊ ကလေးတစ်ယောက်သေတယ်။ ၇ ယောက် ဒဏ်ရာရတဲထဲမှာ ဆရာမက တစ်ယောက်ပေါ့နော်။ အသက်လား အသက်က ၁၀ နှစ်အောက် ကလေး တွေပါဗျ။ လေယောဉ်က တစ်ခါတည်းလာတာမဟုတ်ဘူးနော်၊ နှစ်ခါလာပြီး ကြဲသွားတာပါဗျ” ဟု ပြောသည်။

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နေရာ ဖြစ်သော် လည်း တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘူးဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စက်တင်ဘာလ ၇ ရက်နေ့၊ နေ့လည်ပိုင်း ၂ နာရီခန့်အချိန်၌လည်းကောင်း၊ ည ၁၁ နာရီကျော် အချိန်တွင်လည်းကောင်း စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျောက်ဖြူကျေးရွာထဲက ကလေးငယ်များအား စာသင်ကြားပေးနေသည့် နေအိမ် လေယာဉ်ဖြင့် ဗုံးကြဲခံရမှုထဲ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၅ ဦး အပါအဝင် အရပ်သား ၇ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။

သပိတ်ကျင်းမြို့ တောင်ဘက် ၁၀ မိုင်ခန့်အကွာက မန္တလေး – မြစ်ကြီးနား လမ်းပေါ်ရှိ ကျောက်ဖြူကျေးရွာကို စစ်ကော်မရှင်တပ်က လေယာဉ်သုံး ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်ပေါ်မှလည်း စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်က အရပ်သား ပစ်မှတ်များ ဖြစ်သည့် ရပ်ရွာများ၊ ဆေးရုံ ဆေးခန်းများ၊ ဘုန်းကြီးကျောင်း များနှင့် စာသင်ကျောင်းများကို မကြာခဏ ဦးတည်တိုက်ခိုက်နေသည်ဟု မန္တလေး PDF အဖွဲ့က ဆိုသည်။

ထိုသို့ အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုမြောက်ပြီး အောက်တန်းကျသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း မန္တလေး PDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။

May 26, 2026
တရုတ်၏ ဖိအားကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်တပ်က ပြန်လည်...
ဓါတ်ပုံ - ပုံဟောင်း
May 25, 2026
ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို...
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...