တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ

တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း မွတ်ဆလင်လက်နက်ကိုင်တပ် ARSA နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ မကြာခဏ ဖြစ်နေခြင်း၊ နယ်စပ်တွင် ARSA လှုပ်ရှားမှုများ ရှိနေခြင်းကြောင်း ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်၊ ည ၁၀ နာရီကျော်ကလည်း မောင်တောမြောက်ပိုင်း ရေတွင်းပြင်ကျေးရွာနှင့် ကျောက်ချောင်းကျေးရွာအနီးတွင် ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“သေနတ်ပစ်သံတွေ အကျယ်ကြီး နာရီဝက်လောက် ကြားလိုက်ရတယ်။ ရေတွင်းပြင်ဖက်က ဒေသခံတွေကတော့ သေနတ်သံတွေကြောင့် စိုးရိမ်နေကြတာတွေ ရှိတယ်” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မောင်တောမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်တွင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များသည် စခန်းများအခြေစိုက်ပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ AA တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခြင်းများ ရှိနေကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလ ၅ ရက် ညအချိန်ကလည်း နံသာတောင် တံတားပေါ်တွင် စုပုံထားသည့် ဒေသခံ ကုန်သည်များ၏ အခြေခံစားသောက်ကုန် ပစ္စည်းများကို ARSA အဖွဲ့က ဖျက်ဆီးခဲ့ပြီး ရှော့တိုက်မိုင်းများ ထောင်ထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် နံ့သာတောင်၊ လိပ်ရ၊ သာယာကုန်း၊ သင်္ဘောလှ၊ ကွမ်းသီးပင်စသည့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်မှုများ ရှိနေပြီး ရွာပြင်နှင့် တောတောင်ထဲသို့ ဟင်းရှာငါးရှာ မသွားရဲဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်ကလည်း နံသာတောင်၊ လိပ်ရကျေးရွာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ AA လုံခြုံရေးစခန်းများကို ARSA တပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

မောင်တောမြောက်ပိုင်းတွင် ARSA အဖွဲ့က အရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့် ဒေသခံများကို မကြာခဏ ခြုံခိုတိုက်ခိုက်နေမှုတို့ကြောင့် ထိတွေ့တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားလျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

“မောင်တောမှာက မကြာခဏ တိုက်ပွဲဖြစ်သံတွေ ကြားရတယ်။ အဓိကတော့ ARSA နဲ့ပေါ့။ သူ့တို့ဖက်က လာတိုက်တာတွေရှိသလို ဒေသခံတွေကိုလည်း မကြာမကြာ ခြုံခိုတိုက်ခိုက်တာရှိတော့ သွားဖို့လာဖို့ဆိုရင် ARSA အန္တရာယ်ကို စိုးရိမ်နေရတာတွေ ရှိတယ်” ဟု မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က ငါးရှာသွားသည့် မောင်တောမြို့နယ်၊ ချရားတန်းကျေးရွာမှ ဒေသခံတစ်ဦးမှာ ARSA အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ယင်းအပြင် ဩဂုတ်လ ၁၇ ရက်လည်း မောင်တောမြို့နယ်၊ ဘော်ဒီလီကျေးရွာဟောင်း အရှေ့ဘက် တောင်ကြားတွင် AA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့(RIM)၏ စခန်းနှစ်ခုကို လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိခဲ့ကြောင်း သိရသည်။

“နယ်စပ်တကြောမှာ AA က လုံခြုံရေး ဖြန့်ကျက်ထားတာ ရှိတယ်။ ဒါပေမဲ့ ARSA၊ RSO အဖွဲ့တွေက ညအချိန်မှာ ဘင်္ဂလားဒေ့ရှ်ဖက်က ဝင်လာပြီး AA စခန်းတွေကို ခြိမ်းခြောက်ပစ်တာ ရှိနေတယ်။ နောက်ပြီး နယ်စပ်တကြော တောနက်တွေထဲမှာ ခိုအောင်းပြီး ဒေသခံတွေကို ဒုက္ခပေးနေတ။ AA ကလည်း လုံခြုံရေးပေးတယ်ဆိုပေမဲ့ မနိုင်မနင်း ဖြစ်တာလည်း ရှိနေတယ်” ဟု တောင်ပြိုဒေသခံ တစ်ဦးက ဆိုသည်။

လက်ရှိတွင် အာရက္ခတပ်တော်ဘက်က နယ်စပ်လုံခြုံရေးကို ပိုမိုအလေးပေး လုပ်ဆောင်နေသော်လည်း ARSA က မကြခဏ အလိုက်ငိုက် ခြုံခိုတိုက်ခိုက်ခြင်းများ ရှိနေသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဒီဇင်ဘာလက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် နယ်စပ်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားဉပဒေစိုးမိုးရေး စသည့် လုပ်ငန်းများကို အကောင်အထည်ဖော်နေသည်။

ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...