တောင်ကြီး သုဿာန်မြေ ၂ ခုကို ဈေးဝယ်စင်တာဆောက်ရန် သီဟကုမ္ပဏီမှ ဝယ်ယူ

တောင်ကြီး သုဿာန်မြေ ၂ ခုကို ဈေးဝယ်စင်တာဆောက်ရန် သီဟကုမ္ပဏီမှ ဝယ်ယူ
Photo - CJ
Photo - CJ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ဘုရားဖြူရပ်ကွက် နယ်မြေ(၃) အတွင်းရှိ ပါမိုးနဲသုသာန်နှင့် ဩသချောင်း သုဿာန်နှစ်ခုကို ရပ်ကွက်နေပြည်သူ ဆန္ဒမပါဘဲ ပြောင်းရွှေ့ခိုင်းပြီး သီဟကုမ္ပဏီမှ စျေးဝယ်စင်တာ ဆောက်ရန်အတွက် ဝယ်ယူလိုက်ကြောင်း သတင်းရရှိသည်။

ရပ်ကွက်နေ ပြည်သူ့ဆန္ဒမပါပဲ နေရာ ပြောင်းရွှေ့ခိုင်းနေကြောင်း သတင်းရရှိသည်။

အဆိုပါ သုသာန်နှစ်ခုကို ထီသိမ်သုဿာန်နှင့် ဘေးကပ်လျက် မြေနေရာတွင် ရွှေ့ပြောင်း မြုပ်နှံခြင်း၊ မီးသဂြိုလ်စက် တည်ဆောက်ခြင်း၊ သုဿာန်ဇရပ်နှင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်ပေးရန် “သီဟ”ဖွံ့ဖြိုးရေးကုမ္ပဏီလီမီတက်မှ ငွေကျပ် သိန်း(၈၀၀၀) ခန့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ သုသာန်အသစ် ပြောင်းရွှေ့ရန် ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့များ၊ စည်ပင်သာယာရေး ဌာနတို့နှင့် ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် သင့်တင့်သော ငွေပမာဏ ပေးသွင်းပြီး အမည်ပေါက်ဂရန် ရရှိရန် “သီဟ”ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်လင်းအောင်က ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

“သူတို့ ရောင်းလိုက်တယ် ဆိုတာ ရပ်ကွက်ထဲကိုလည်း အသိမပေးဘူး။ သူတို့ရောင်းလို့ပြီးမှ သုဿာန် ရွှေ့ရမယ်ဆိုမှ သိတာ။ သဘောတူညီချက်လည်း မယူဘူး၊ အစည်းအဝေးလည်း မလုပ်ဘူး။ သူတို့ လူကြီးသဘောနဲ့ သူတို့လုပ်နေကြတာ”ဟု ဘုရားဖြူရပ်ကွက်မှ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပါမိုးနဲသုသာန်နှင့် ဩသချောင်း သုဿာန်နေရာကို အိုးရှင်းစင်တာ ပိုင်ရှင်မှ ဈေးဝယ်စင်တာ နောက်တစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယခင်က ဘုရားဖြူမှ ရေကန်ဟောင်းဈေးကို လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနမှ ပါမိုးနဲသုသာန်သို့ ပြောင်းရွှေ့ရောင်းခိုင်းခဲ့သည်။

“အရင်က ရေကန်ဟောင်းဈေးကို ပါမိုးနဲသုဿာန်ဘက်ကို ပြောင်းခိုင်းခဲ့တာ။ အခု သုဿာန်မှာပဲ ဈေးရောင်းရတာ။ လူသေရင်လည်း အဲ့သုဿာန်မှာပဲ မြုပ်တယ်။ ဈေးလည်း လုပ်ထားတယ်။ သားစိမ်း ငါးစိမ်းတွေတော့ သုဿာန်နဲ့ မနီးမဝေးမှာ ရောင်းကြတာ”ဟု အဆိုပါ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ ညဈေးကို ဖျက်သိမ်း၍ အထပ်မြင့် တည်ဆောက်ရန် ပြင်ဆင်နေသောကြောင့် ဈေးသည်များ ဒုက္ခရောက်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန လက်အောက်ရှိ သင်္ခါရသုဿာန်၊ အေးသာယာသုဿာန်နှင့် ရွှေညောင်သုဿာန်များ၌ ဂူသွင်းသင်္ဂြိုဟ်ခအား (၁) စတုရန်းပေလျှင် ငါးထောင်ကျပ်မှ ငါးသောင်းကျပ်အထိ ဆယ်ဆတိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် ပြည်သူများ အခက်အခဲ ဖြစ်ရကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...