ပြည်အကျဉ်းထောင်မှာ အပုပ်နံ့ထွက်နေတဲ့ရေကိုသာ သုံးစွဲနေရတာကြောင့် အကျဉ်းသားတွေ ရောဂါဖြစ်ပွားနေ

ပြည်အကျဉ်းထောင်မှာ အပုပ်နံ့ထွက်နေတဲ့ရေကိုသာ သုံးစွဲနေရတာကြောင့် အကျဉ်းသားတွေ ရောဂါဖြစ်ပွားနေ
Photo - social media
Photo - social media

ပဲခူးတိုင်း ပြည်အကျဉ်းထောင်ရှိ အကျဉ်းသားတွေဟာ အပုပ်နံ့ထွက်နေတဲ့ ရေကိုသာ သောက်သုံး နေရတာကြောင့် ရောဂါဖြစ်ပွားနေတယ်လို့ အမျိုးသမီးအကျဉ်းသူများအဖွဲ့ (WOPP) ထံက သိရပါတယ်။

အကျဉ်းထောင်မှာ သောက်သုံးရေအဖြစ် အသုံးပြုဖို့ ဆောက်လုပ်ထားတဲ့ ရေသန့်စက်ကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀ နှစ်ကျော်ကတည်းက ဆောက်လုပ်ထားတာဖြစ်ပြီး ရေသိုလှောင်ထားတဲ့နေရာ၊ စက်ပစ္စည်းတွေကို သန့်ရှင်းတာနဲ့ ရေလဲလှယ်တာတွေ မပြုလုပ်တာ ကြာမြင့်ပြီဖြစ်တာကြောင့် ရေတွေအပုပ်နံ့ ထွက်နေတာပါ။

ရေသန့်စက်မှ သောက်သုံးရေတွေကို အကျဉ်းသားတွေဟာ သောက်သုံးဖို့ ရေဘူးထဲ သို‌လှောင်ထားချိန် အချိန် ၂ ရက်ကြာရင် အပုပ်နံ့တွေထွက်ပြီး ဆိုးရွားတဲ့အထိဖြစ်ကာ အဲဒီရေကိုသာ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားများ အပါအဝင် အကျဉ်းသားအားလုံး သောက်သုံးနေရတယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေတွေကြောင့် ၂၀၂၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရော ဂါ၊ ဝမ်းဗိုက် ပြဿနာ၊ ဝမ်းပျက်ရောဂါတွေကို လက်ရှိအချိန်အထိ ဖြစ်ပွားနေပြီး ရေသန့်စက်ကို ပြန်လည်ပြုပြင်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့်ထောင်အရာရှိတစ်ဦးတစ်ယောက်မှ ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ WOPP က ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အတွင်း ရောဂါတွေဖြစ်ပွားရုံသာမက ရေမသန့်ရှင်းမှုကြောင့်ကျောက်ကပ် ရောဂါတွေ ဖြစ်ပွားကာ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။

အမျိုးသမီးအကျဉ်းသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရေမသန့်ရှင်းတာကြောင့် နိုင်ကျဉ်းသား တစ်ယောက် လွတ်မြောက်လာပြီး ပြင်ပရောက်တော့ ကျောက်ကပ်ရောဂါဖြင့် သေဆုံးခဲ့တဲ့အပြင် လက်ရှိမှာလည်း အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး‌နောက်ပိုင်း ဆေးကုသမှုခံယူနေရတဲ့သူတွေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း ပြည်အကျဉ်းထောင်အတွင်း သောက်နေတဲ့ရေလည်း ဆိုးရွားနေတဲ့အပြင် သုံး ရေအဖြစ်အသုံးပြုရတဲ့ ရေဟာလည်း မသန့်ရှင်းမှုတွေကြောင့်ခေါင်းလျှော်တဲ့အခါ ဆံပင်အထွေးလိုက်ကျွတ်တာ၊ ယားနာ၊ ပွေး၊ ဝဲစတဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

အကျဉ်းထောင်အာဏာပိုင်တွေအနေဖြင့် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ ရောဂါဖြစ်ပွားတဲ့အခါ ဆေးဝါးကုသခွင့်ကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်နေပြီး ရက်လွန် နှစ်လွန်ဆေးဝါးတွေကိုသာ ပေးတာနဲ့ ကုသမှုကို တာဝန်ယူမှုမရှိဘဲ မျက်ကွယ်ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

လူတစ်ယောက်အသက်ရှင်ဖို့ အတွက် အဓိကအရေးကြီးဆုံးဖြစ်တဲ့ သန့်ရှင်းတဲ့ ရေသောက်သုံးခွင့်ကိုပင် မရရှိတဲ့အပြင် ပြည်အကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်တွေရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကိုလည်း မှတ်တမ်းတင်ထားရှိသွားမှာဖြစ်တယ်လို့ WOPP က ထုတ်ပြန်ထားပါတယ်။

February 13, 2026
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...
February 12, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်...
February 12, 2026
The junta has reportedly been burning and destroying documents linked to the 2020 election,...
February 11, 2026
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေအပါအဝင် ဆက်စပ်တဲ့ အချက်အလက်...