ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ

ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
Photo - AFP
Photo - AFP

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ကူညီပေးနေသူများနှင့် စစ်ရှောင်များထံမှ သိရသည်။

ကွင်းကောက်မြို့ အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁ ရက်တွင် စစ်ဘေးရှောင်များနှင့် တွေ့ဆုံဆွေးနွေးကာ နေရပ်ပြန်ကြရန် ပြောဆိုခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

"သူ့တို့ (စစ်ဘေးရှောင်)ရဲ့ ရွာတွေကို စစ်တပ်က ထိန်းချုပ်ထားပြီဖြစ်တာကြောင့် စက်တင်ဘာလ ၇ ရက်နေ့ကို နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ကို ဖိအားပေးပြောကြားခဲ့တာဖြစ်တယ်" ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ နေရပ်ပြန်ရန် ဖိအားပေးနေသည့် စစ်ဘေးရှောင်များမှာ လေးမျက်နှာမြို့နယ်၊ ရှမ်းကွင်း၊ စောပြာ၊ စက်စက်ယို၊ ပန်းတောကြီးနှင့် ပိန္နဲကွင်းကျေးရွာများမှ ဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ထောင်နှင့်ချီ ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

မြေပြင်တွင် ထိုကျေးရွာများတွင် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်ထားပြီဖြစ်ကြောင်း ပြောဆိုခြင်းမှာ ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု စစ်ဘေးရှောင်များ ပြောကြသည်။

"ကျမတို့ကတော့ ကွင်းကောက်မှာ မဟုတ်တဲ့အတွက် ရွာပြန်ရမယ်ဆိုပြီး ဖိအားပေးခံရမျိုးတော့ မရှိဘူး။ ကွင်းကောက်က လူတွေကတော့ ရွာပြန်ကြဖို့ ခေါ်ပြောတယ်လို့ ကြားရတယ်။ စစ်ကောင်စီက ပြောသလို ပုသိမ်-မုံရွာလမ်းပိုင်းကို သူတို့ထိန်းချုပ်ထားပြီဆိုတာလည်း ဝါဒဖြန့်တာ သက်သက်ပဲ ရှိတယ်။ အဲဒီနယ်မြေတွေကို စစ်ဘေးရှောင်မပြောနဲ့ သူတို့စစ်တပ်တောင် မသွားရဲဘူး" ဟု လေးမျက်နှာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ပုသိမ် - မုံရွာ ကားလမ်းပေါ်ရှိ ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်တို့မှ ဒေသခံ သောင်းနှင့်ချီမှာ ယခုနှစ် အစောပိုင်းမှ စ၍ တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေကြခြင်း ဖြစ်ပြီး ထိုလမ်းပိုင်းကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားဆဲဖြစ်သည်။

ဧရာဝတီတိုင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူ၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် အစောပိုင်းမှ စ၍ တော်လှန်ရေးအင်အားစုများက စစ်ရေးဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်း ၁၀ ထက်မနည်းအပြင် နယ်မြေအချို့ကိုလည်း ထိန်းချုပ်ထားသည်။

ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...