ထားဝယ်မှာ စစ်ကော်မရှင်တပ်သား လေးဦး အရှင်ဖမ်းမိ

ထားဝယ်မှာ စစ်ကော်မရှင်တပ်သား လေးဦး အရှင်ဖမ်းမိ
Photo - KNU
Photo - KNU

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကော်မရှင်တပ်ရဲ့ တပ်သား လေးဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာ ၂ ရက် မနက် ၇ နာရီခွဲအချိန်ခန့်မှာ ထားဝယ်မြို့ကနေ တက်လာတဲ့ စစ်ကော်မရှင်ရဲ့ ခလရ ၂၈၂ တပ်ရင်းက တပ်ဖွဲ့ဝင် လေးဦးကို KNLA တပ်မဟာ ၄၊ တပ်ရင်း (၁၂) တပ်ခွဲ (၄) က ဝကုန်းကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီစစ်ကော်မရှင်တပ်သား လေးဦးကို MA1 သေနတ် လေးလက်၊ ကျည်ဆံ ၁၀၀၀ ကျော်နဲ့ ကျည်ဘောက် ၁၆ ခုနဲ့အတူ ရှေ့တန်းစစ်မြေပြင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က စည်းမျဉ်းစည်းကမ်းနဲ့အညီ ကောင်းမွန်စွားထိန်သိမ်း ပြုစုစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသ မေတ္တာနယ်မြေရဲစခန်းက ဒုရဲအုပ်တစ်ဦး လက်နက်ခဲယမ်းနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...