ထားဝယ်မှာ စစ်ကော်မရှင်တပ်သား လေးဦး အရှင်ဖမ်းမိ

ထားဝယ်မှာ စစ်ကော်မရှင်တပ်သား လေးဦး အရှင်ဖမ်းမိ
Photo - KNU
Photo - KNU

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကော်မရှင်တပ်ရဲ့ တပ်သား လေးဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာ ၂ ရက် မနက် ၇ နာရီခွဲအချိန်ခန့်မှာ ထားဝယ်မြို့ကနေ တက်လာတဲ့ စစ်ကော်မရှင်ရဲ့ ခလရ ၂၈၂ တပ်ရင်းက တပ်ဖွဲ့ဝင် လေးဦးကို KNLA တပ်မဟာ ၄၊ တပ်ရင်း (၁၂) တပ်ခွဲ (၄) က ဝကုန်းကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီစစ်ကော်မရှင်တပ်သား လေးဦးကို MA1 သေနတ် လေးလက်၊ ကျည်ဆံ ၁၀၀၀ ကျော်နဲ့ ကျည်ဘောက် ၁၆ ခုနဲ့အတူ ရှေ့တန်းစစ်မြေပြင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က စည်းမျဉ်းစည်းကမ်းနဲ့အညီ ကောင်းမွန်စွားထိန်သိမ်း ပြုစုစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသ မေတ္တာနယ်မြေရဲစခန်းက ဒုရဲအုပ်တစ်ဦး လက်နက်ခဲယမ်းနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ-MOI
January 24, 2026
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က သမားရိုးကျ စစ်ပွဲအပြင်...
January 23, 2026
ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၅...
January 22, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး...
January 21, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ဒေသတွင်း...