ဝက်လက်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံး

ဝက်လက်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြိုနယ် ရုံးပင်ကုန်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား သုံးဦး နှင့် အမျိုသမီး တဦး စုစုပေါင်း လေး ဦး သေဆုံးခဲ့ကြောင်း Wetlet Information Network က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဩဂုတ်လ ၂၇ ရက်)ညနေ ၅နာရီ ၁၅ မိနစ်ဝန်းကျင်တွင် တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Wetlet Information Network အဖွဲ့ထံမှ သိရသည်။

“အဓိက သုံသွားတာက ရော့ကတ်ပေါ့၊ ရော့ကတ် အကြီးနဲ့ ပစ်တယ်။ စက်လတ်နဲ့ ပစ်တာက ဆေးခန်းကို ပစ်တယ်” ဟု ဒေသခံ တဦးက ပြောသည်။

သေဆုံးသူများတွင် အသက် ၄၀ အရွယ် အမျိုးသား တဦး နောက်ထပ် အမျိုသား နှစ်ဦး နှင့် အသက် ၅၀ အရွယ် ဒေါ်စန်းဆိုသူ အမျိုးသမီး တဦးတို့ ဖြစ်ပြီး နောက်ထပ် ခြောက်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း Wetlet Information Network အဖွဲ့ ထံမှ သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုံးပင်ကုန်းကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပြီး မတ္တရာမြို့မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ခန့် ပြုလုပ်ခဲ့ရာ ဓမ္မာရုံ အဆောင် တခု ပျက်စီးပြီး အသက် ၇၀ အရွယ် ကိုရင်ကြီး တပါး ၊ အသက် ၇၀အရွယ် အမျိုးသမီး တဦးနှင့် အသက် ၁၁ အရွယ် အမျိုးသားကလေး တဦး တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဝက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရယ်ကို သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...