ဝက်လက်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံး

ဝက်လက်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြိုနယ် ရုံးပင်ကုန်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား သုံးဦး နှင့် အမျိုသမီး တဦး စုစုပေါင်း လေး ဦး သေဆုံးခဲ့ကြောင်း Wetlet Information Network က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဩဂုတ်လ ၂၇ ရက်)ညနေ ၅နာရီ ၁၅ မိနစ်ဝန်းကျင်တွင် တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Wetlet Information Network အဖွဲ့ထံမှ သိရသည်။

“အဓိက သုံသွားတာက ရော့ကတ်ပေါ့၊ ရော့ကတ် အကြီးနဲ့ ပစ်တယ်။ စက်လတ်နဲ့ ပစ်တာက ဆေးခန်းကို ပစ်တယ်” ဟု ဒေသခံ တဦးက ပြောသည်။

သေဆုံးသူများတွင် အသက် ၄၀ အရွယ် အမျိုးသား တဦး နောက်ထပ် အမျိုသား နှစ်ဦး နှင့် အသက် ၅၀ အရွယ် ဒေါ်စန်းဆိုသူ အမျိုးသမီး တဦးတို့ ဖြစ်ပြီး နောက်ထပ် ခြောက်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း Wetlet Information Network အဖွဲ့ ထံမှ သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုံးပင်ကုန်းကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပြီး မတ္တရာမြို့မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ခန့် ပြုလုပ်ခဲ့ရာ ဓမ္မာရုံ အဆောင် တခု ပျက်စီးပြီး အသက် ၇၀ အရွယ် ကိုရင်ကြီး တပါး ၊ အသက် ၇၀အရွယ် အမျိုးသမီး တဦးနှင့် အသက် ၁၁ အရွယ် အမျိုးသားကလေး တဦး တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဝက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရယ်ကို သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Most read this week

KNA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)
January 24, 2026
စစ်ကော်မရှင် တပ်မ (၂၂) တပ်မမှူးက မြဝတီမြို့ပေါ်မှ ကရင်နယ်အမျိုးသားတပ်မတော် (KNA) တပ်များ...
January 23, 2026
MTO — မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့်...
ဓာတ်ပုံ - ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (AFP)
January 22, 2026
ဓါတု — ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တနှစ်တာအတွင်း အရပ်သား ၂,၀၃၅ ဦးကို...
စည်သူပလပ်ကျွတ်ကို ၎င်း၏ တစ်တော့အကောင့်တွင် ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ညနေပိုင်းက တင်ထားသော ပိုစ့်၌တွေ့ရစဉ် ။
January 21, 2026
ဂျူချန်း — ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက်...