ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ခွင့်ပြုမည်ဟု ထိုင်းအစိုးရအစည်းအဝေး၌ အတည်ပြု

ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ခွင့်ပြုမည်ဟု ထိုင်းအစိုးရအစည်းအဝေး၌ အတည်ပြု
Photo - CJ
Photo - CJ

ထိုင်း နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုသွားမည်ဟု ဩဂုတ် ၂၆ ရက်နေ့ ကျင်းပသည့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြု လိုက်ပြီး ဖြစ်သည်ဟု သိရသည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ တင်ပြချက်အရ နယ်စပ် ဒုက္ခသည် စခန်းထဲရှိ နေထိုင်သူများကို အလုပ်လုပ်ခွင့် ပေးရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး မစ္စတာ ဖမ်သမ်ဝေချိုင်နှင့် အစိုးရအဖွဲ့တို့က အတည်ပြုလိုက်သည်ဟု ထုတ်ပြန်ထားသည်။

ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းသည် နိုင်ငံအတွင်း၌ တည်ငြိမ်အေးချမ်းခြင်းကို တိုးမြှင့် နိုင်မည်ဖြစ်သလို ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သည့် ဒုက္ခသည်များကို ကူညီစောင့်ရှောက် ပေးရာ တွင်လည်း နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး လျှော့ချနိုင်မည် ဖြစ်သည်ဟု ထိုင်းအစိုးရက ရှု့မြင်ထားသည်။

ယခုလို ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ခြင်း အားဖြင့် ထိုင်းနိုင်ငံအနေဖြင့် လုံခြုံရေး၊ စီးပွားရေး၊ ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အပါအဝင် ထိုင်းနိုင်ငံ အတွက်လည်း အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်ဟု သိရသည်။

ထို့အပြင် နိုင်ငံအတွင်းရှိ အလုပ်သမား ရှားပါးသည့် ဒေသများတွင် အလုပ်သမားလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည့်အပြင် အလုပ်သမားများကို ကျန်းမာရေးစစ်ဆေးမှုနှင့် ကျန်းမာရေးအာမခံ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် အလုပ်သမား ကျန်းမာရေးစံနှုန်းကိုလည်း မြှင့်တင်ပေးသွားနိုင် မည်ဖြစ် ကြောင်း ထုတ်ပြန်ထားချက်၌ ပြောဆိုထားသည်။

ထိုင်းအစိုးရက ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ခွင့်ပေးခြင်းသည် လက်ရှိ ဒုက္ခသည်များအတွက် ရိက္ခာ ဖြတ်တောက်မှုကို အထောက်အကူ အပြုနိုင်မည်ဖြစ်ကြောင်းလည်း နို့ဖိုးဒုက္ခသည်စခန်းရှိ နေထိုင်သူ ဒုက္ခသည် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အပြင်ထွက်အလုပ်လုပ်ခွင့်ပေးတာနဲ့ပတ်သက်ပြီး ဘာမှမကြားရသေးပါဘူး။ အခု ဒုက္ခသည် စခန်းမှာနေတဲ့ လူတွေက အဆင်ပြေတဲ့လူရှိတယ်။ မပြေတဲ့လူရှိတယ်။ ရိက္ခာဖြတ်လိုက်တော့ လူတွေက အပြင်အလုပ်ထွက် လုပ်တဲ့ လူတွေထွက်လုပ်တယ်။ တရားမဝင်နဲ့ဘဲပေါ့။ အခု ဒီလိုသတင်းကြားတော့ လက်ရှိ ပြဿနာကို ဖြေရှင်း ပေးမယ်လို့ မျှော်လင့်တယ်” ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒုက္ခသည်စခန်းထဲတွင် အသက် ၁၈ နှစ်မှ စတင်၍ အသက် ၅၀ အတွင်းရှိ အလုပ်လုပ်ကိုင်နိုင်သူ လူဦးရေ စာရင်းများကိုလည်း စခန်းအသီးသီး၌ ကောက်ယူနေသလို ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်ချင် သည့်သူ၊ မိမိနေရပ်ပြန်ချင်သည့်သူနှင့် တတိယနိုင်ငံ ထွက်ခွာမည့်သူ အုပ်စ (၃)စုကိုလည်း စာရင်းကောက် ယူနေသည်ဟု သတင်းရရှိထားသည်။

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...