စစ်တွေတွင် လက်နက်ကြီးဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေ

စစ်တွေတွင် လက်နက်ကြီးဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေ
Photo - CNICDS
Photo - CNICDS

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့သည် ယနေ့ နံနက်ပိုင်းမှ စ၍ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရှိနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့၊ နံနက် ၉ နာရီခန့်မှ စ၍ စစ်တွေမြို့နယ်၊ ကျားမသောက်နှင့် ဇော်မဒတ်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး AA ဖက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

" ပစ်လိုက်နား လိုက်နဲ့ အပြန်အလှန်ပစ်နေကြတယ်။ အနည်းဆုံး ၁၀ လုံးကျော်လောက် ရှိမယ်။ အခုတော့ အသံတွေ ခဏရပ်နေတယ်။ ပေါက်တောဘက်ကို ကျတယ်လို့ ခန့်မှန်းရတယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်စလုံး အင်အားအလုံးအရင်းဖြင့် စစ်ဆိုင်ထားသည့် အခြေအနေတွင် ရှိနေသည်။

အာရက္ခတပ်တော်က မြို့တစ်ခုလုံးကို ဝိုင်းပတ်ပိတ်ဆို့ထားကာ စစ်ကောင်စီဖက်ကလည်း မြို့တွင်းနှင့် ရေတပ်အင်အားများကို ဖြည့်တင်းကာ ခံစစ်အခိုင်အမာပြင်ဆင်ထားသည်။

လက်ရှိအချိန်ထိ နှစ်ဖက် မြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိသေးဘဲ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။

စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့တွင် ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားသဖြင့် အာရက္ခတပ်တော် ထိုးစစ်မဆင်မီ ပုဏ္ဏားကျွန်းကို တိုက်စစ်ဆင်နိုင်သည့် အခြေအနေတွေ့ရကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

"ဘာလို့လဲ ဆိုတော့ မင်းချောင်းတံတားကိုလည်း ပြင်ထားတော့ စစ်ယာဉ်တန်းတွေ ဖြတ်လို့ရအောင်လုပ်ထားတဲ့ အနေအထားမျိုးလို့ တွေ့ရတယ်။ တကယ်လို့ ပုဏ္ဏားကျွန်းဖက်ကို ချွန်ထွက်သွားရင်တောင်မှ အနီးစပ်ဆုံး ပေါက်တောလောက်ကို ပြန်တိုက်မယ့် အနေအထားမျိုးပါ။ စစ်တပ်ဖက်ကတော့ တိုက်စစ်ဖွင့်လို့ ရမယ့်အပေါက်က ပုဏ္ဏားကျွန်းပဲ ရှိတော့ ရမလားဆိုပြီး ဖောက်လာနိုင်ခြေရှိတယ်" ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ရခိုင်တွင် မြို့တော် စစ်တွေနှင့် ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ AA သိမ်းပိုက်ရန် ကျန်ရှိတော့ပြီ ဖြစ်သည်။ လက်ရှိ ကျောက်ဖြူတိုက်ပွဲမှာ နေ့စဉ်ပြင်းထန်လာနေပြီး စစ်ရှောင်ဦးရေလည်း တိုးလျက်ရှိနေသည်။

Most read this week

ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...
August 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့်...