ထားဝယ်အရှေ့တောဒေသမှာ စစ်တပ်စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရလို့ ၂၀ ထက်မနည်း သေဆုံး

ထားဝယ်အရှေ့တောဒေသမှာ စစ်တပ်စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရလို့ ၂၀ ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် ထပ်မံ တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။

အင်အားအများအပြား စစ်ကား ၁၀ စီးနဲ့ အရှေ့တောဒေသထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ကို သင်္ကန်းတုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းမှာ တတိယအကြိမ်အဖြစ် ထပ်မံတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကြား အချိန် ၁၂ နာရီအကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်တင် ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို သေနတ်နှစ်လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါ ၅ လုံး၊ လက်ပစ်ဗုံး ၅ လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်လာတာကြောင့် လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၊ဧဒင်မှူး၊ (ကျားသစ်နက်)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ ဒေါနတပ်ခွဲ (၇)၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် နှစ်ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ ၁၁ ဦးသေဆုံးခဲ့ကာ ကားနှစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...