ရေးမြို့နယ် အောင်သ‌ပြေရွာအနီး တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ရေးမြို့နယ် အောင်သ‌ပြေရွာအနီး တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးတွင် သြဂုတ်လ ၂၀ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ကျဆုံးသွားကြောင်း သိရသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) နှင့် KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတိုသည့် ယမန်နေ့ နံနက် နာရီဝန်းကျင်တွင်တစ်ကြိမ်၊ ညနေ ၅ နာရီတွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ ခမရ(၅၈၈)၊ ခလရ(၁၀၆)နှင့် အမတ(၃၁၇) တပ်ရင်း(၃)ရင်းတို့မှ အင်အား ၁၅၀ ခန့်ပါသည့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁ ဦး သေဆုံးပြီး၊ တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့ဘက်မှ (KNLA) တပ်ရင်း (၂၇) တပ်ခွဲ (၁) မှ ရဲဘော် ၁ ဦး ကျဆုံးသွားခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံမှ သိရသည်။

“မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်သွားတယ်။ မနက် ၁၀ နာရီဝန်းကျင်မှာ တစ်ကြိမ် ညနေ ၅ နာရီမှာ နောက်တစ်ကြိမ် ဖြစ်သွားတယ်။ သူတို့က အင်အား ၁၅၀ နဲ့ စစ်ကြောင်းထိုးလာတာ ရန်သူဘက်က ၁ ဦး သေဆုံးတယ်။ ၄/၅ ယောက်လောက် ဒဏ်ရာရတာလား သေတာလားတော့ ဆက်စုံစမ်းနေဆဲပဲ" MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ပြောသည်။

အဆိုပါတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) နှင့် KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)တို့ ပူး‌ပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ‌ကျေးရွားဘက်တို့ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ပြီး ဒေသခံအချို့လည်း ခေတ္တခဏရှောင်တိမ်ခဲ့ရပြီး တိုက်ပွဲပြီးချိန်တွင် ဒေသခံများပြန်လာခဲ့သည်ဟု သိရသည်။

July 8, 2026
မွန်ပြည်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ရရှိထားသည့် ရာဇာမင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ...
July 7, 2026
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန်...
July 7, 2026
မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က...
July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...