မော်လမြိုင်မြို့တဝိုက် လုံခြုံရေးတိုးမြှင့်

မော်လမြိုင်မြို့တဝိုက် လုံခြုံရေးတိုးမြှင့်

အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့တဝိုက် လုံခြုံရေးတိုးမြှင့်လိုက်ပြီး မြို့အဝင်တံတားပိတ်ချိန်တွေကိုလည်း ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မော်လမြိုင်မြို့အဝင် တံတားတွေ ဖြစ်တဲ့ သံလွင်တံတား(မော်လမြိုင်)နဲ့ အတ္ထရံတံတား (မော်လမြိုင်) တို့ကို မနက် ၆ နာရီကနေ ည ၈ နာရီအထိသာ ဖြတ်သန်း သွားလာခွင့် ကန့်သတ်ခဲ့တာပါ။

ဒါ့အပြင် သြဂုတ် ၁၃ ရက်နေ့ကစပြီး မော်လမြိုင်မြို့အဝင်တံတား နောက်တစ်စင်းဖြစ်တဲ့ သံလွင်တံတား (ချောင်းဆုံ) ကိုလည်း မနက် ၆ နာရီကနေ ည ၈ နာရီအထိသာ ဖြတ်သန်းသွားလာခွင့် ထပ်မံကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့အဝင်တံတား ပိတ်ချိန်တွေ တိုးမြှင့်လိုက်တာကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ ခရီးသွားကားလိုင်းတွေအပြင် ခရီးသည်တွေအတွက်ပါ အခက်အခဲ ဖြစ်စေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“တံတားပိတ်ချိန်တွေ တိုးလိုက်တော့ တော်တော်လေးကို ထိခိုက်မှု ဖြစ်နိုင်တယ်။ သယ်ယူပို့ဆောင်ရေး လုပ်နေတဲ့ ကုန်ပို့ဆောင်ရေးတွေရော ခရီးသွားလုပ်ငန်းတွေရော ခရီးသွားကားလိုင်းတွေအတွက်လည်းပဲ ထိခိုက်နိုင်ပါတယ်။ အများကြီး။ သွားလာနေတဲ့ ခရီးသည်တွေအတွက်လည်းပဲ တော်တော်လေးတော့ အခက်အခဲ ဖြစ်စေတယ်ပေါ့” လို့ ဆိုပါတယ်။

မြို့အဝင်တံတားတွေရဲ့ ဖြတ်သန်းသွားလာချိန်တွေကို လျှော့ချရတာဟာ တော်လှန်ရေးအင်အားစုတွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ရတဲ့နည်းနဲ့ ဆန့်ကျင်သွားမယ်လို့ ပြောဆိုထားတဲ့အတွက် တော်လှန်ရေး အင်အားစုတွေ မဝင်နိုင်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့ အဝင်တံတားတွေမှာလည်း လုံခြုံရေး အင်အားတွေ တိုးမြှင့်ထားပြီး လုံခြုံရေး အခြေအနေတွေကိုတော့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ကိုယ်တိုင် တိုက်ရိုက် စီမံကွပ်ကဲနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ မော်လမြိုင်မြို့တွင်း ဝင်ရောက်မယ့် ခရီးသွားပြည်သူတွေ အပါအဝင် ဒေသခံတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး စစ်ဆေးရေးတွေလည်း တိုးချဲ့ထားတယ်လို့ သိရပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...