လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ

လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီ ထိုးစစ်ဆင်နေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီသည် လူအင်အားများ ဖြည့်တင်းပြီး ထိုးစစ်ဆင်မှုများလုပ်နေသဖြင့် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက်က စပြီး လေးမျက်နှာမြို့နယ်သို့ လူအင်အား၊ လက်နက်အင်များ ဖြည့်တင်းနေခြင်းဖြစ်သည်။

ယင်းနောက် ဆီဆုံကုန်းမှာ အထိုင်ချကာ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ပုသိမ်-မုံရွာ ကားလမ်း နေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရေကြောင်းကနေ ရောက်နေတဲ့ အင်အားတွေကို ဆီဆုံကုန်းမှာ အထိုင်ချပြီးတော့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတာ။ အခုလည်း သူတို့ ဆုံးရှုံးထားတဲ့ ပန်းတောကြီးဖက် ပုသိမ်-မုံရွာလမ်းပိုင်းကို ပြန်ထိန်းချုပ်‌ ချင်တာကြောင့် ထိုးစစ်ဆင်နေတာ။ ဒီပတ်ဝန်းကျင်းမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဖြစ်ကြတာ။ နောက် စက်စက်ယိုတို့ စောပြာတို့ဖက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ရှိတယ်” ဟု လေးမျက်နှာဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဆီဆုံကုန်းကျေးရွာတွင် ဗျူဟာအထိုင်ချခြင်းဖြစ်သည်။ ယခု အင်အားဖြည့်တင်းထားသည့် တပ်သားများတွင် ပြည်သူ့စစ်အများအပြားပါဝင်သည်ကို တွေ့ရကြောင်း ပြောဆိုကြသည်။

လက်ရှိ လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီက ကားလမ်း အရှေ့ဖက်ခြမ်းကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး ပုသိမ်-မုံရွာကားလမ်း အနောက်ဖက်ခြမ်းကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားကြခြင်းဖြစ်သည်။

ယင်းအပြင် ဇူလိုင်လ ၂၉ ရက်ကလည်း လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အိမ်အချို့ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

လေးမျက်နှာမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားလာခြင်းမှာ ရွေးကောက်ပွဲမတိုင်ခင် ပုသိမ်- မုံရွာ လမ်းကို စိုးမိုးလိုသည့် သဘောရှိကြောင်း ဒေသခံများက ပြောသည်။

နောက်ထပ်လေးမျက်နှာ ဒေသခံအမျိုးသားတစ်ဦးက “စစ်ကောင်စီက လေးမျက်နှာမှာ အင်အားဖြည့်တင်းပြီးတော့ စစ်ကြောင်းထိုး လုပ်လာတာဟာ ပုသိမ်- မုံရွာ ကားလမ်းမကို အပြည့်အဝ ထိန်းချုပ်ထားချင်တာ ဖြစ်တယ်။ ရွေးကောက်ပွဲအမီ လုံခြုံရေးအရ ဆောင်ရွက်နေတာလည်း ဖြစ်နိုင်တယ်။ အဓိက ရွေးကောက်ပွဲ ကျင်းပနိုင်အောင်ပေါ့” ဟု ပြောသည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် အမှတ်(၂၉)ဗျူဟာ(ဧရာဝတီ)တို့ ပူးပေါင်းပြီး စစ်ရေးဖော်နေကြခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့မှာ တိုက်ပွဲများရှိနေဖြစ်ပြီး စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုထက်နည်းကို AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...