အမ်း-ပဒါန်းလမ်း‌ပေါ်တွင် AA နှင့် စစ်ကောင်စီတပ်တို့အကြား ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိမှုရှိနေဟုဆို

အမ်း-ပဒါန်းလမ်း‌ပေါ်တွင် AA နှင့် စစ်ကောင်စီတပ်တို့အကြား ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိမှုရှိနေဟုဆို

အမ်း-ပဒါန်းလမ်း‌ပေါ်တွင် တည်ရှိသည့် နတ်ရေကန်တောင်အောက်၌အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီ တပ်တို့အကြား ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီခွဲခန့်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိမှု ရှိခဲ့သည်ဟု မြေပြင်စစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။

တိုက်ပွဲမှာမိနစ်၂၀ခန့်လောက်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီဖက်မှတပ်သား၁၀ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကပြောဆိုသည်။

“မနေ့ကညနေက ဖြစ်တာ။ မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်တော့ဖြစ်ခဲ့တယ်။ အေအေရှိနိုင်တဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုးတက်လာလို့ အပြန်အလှန်ဖြစ်ကြတာ။ စစ်တပ်က တစ်ဆယ်ကျော်ကျတယ်” ဟု ပြောသည်။

သို့သော် ယခုသေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြု နိုင်ခြင်းတော့ မရှိသေးပါ။

ယခုလို စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည့်အတွက် ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းအထိ ဒရုန်းများအပြင် လက်နက်ကြီးများနှင့် ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။  

၎င်းအပြင် ပဒါန်းစစ်မျက်နှာပြင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ AA ထံ ထွက်ပြေး အလင်းဝင်ရောက်လာမှု များပြားနေသည်ဟု ပြောသည်။

“ဒီရက်ပိုင်းအတွင်းလည်း ထွက်ပြေးပြီး ခိုလှုံလာကြတာရှိတယ်။ပြည်သူ့စစ်တွေများတယ်။ အရင်တလောကလည်း AAကထုတ်ပြန်ထားတယ်။ ပြီးတော့ရခိုင်ဘက်အေအေတစ်ခုတည်းကိုမဟုတ်ဘဲ မကွေးဖက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီထွက်ပြေးတာတွေလည်းရှိတယ်” ဟု ပြောသည်။

အာရက္ခတပ်တော်ကလည်း လက်နက်ချ အလင်းဝင်လာသည့် တပ်သားများထဲက တပ်သားနေလင်းအောင်နှင့် အောင်ထွန်းသက်တို့၏ ထွက်ဆိုချက် ရုပ်သံဖိုင်ကို ဇူလိုင် ၁၅ ရက်နေ့ ထုတ်လွင့်ခဲ့သည်။

ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများမှာ ပိုမိုများပြားလာပြီ AA သိမ်းပိုက်ထားသည့် နေရာများအား ပြန်လည်ရယူရန် ကြိုးစားနေကြောင်း မြေပြင်သတင်းအရသိရသည်။

ရခိုင်နှင့်မကွေးအစပ်ရိုးပေါ်ရှိ  နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအနီးက (MPT) တာဝါတိုင်ကုန်းနှင့်ကာကင်းစခန်းတချို့ကို အာရက္ခတပ်တော်(AA)က မေလ‌နောက်ဆုံးပတ်နှင့် ဇွန်လပထမပတ်ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဖက် တပ်မ(၉၉)ဦး ဆောင်သည့်တပ်ဖွဲ့ဝင်များသည်  MPT တာဝါတိုင်းကုန်းအပါအဝင်AA သိမ်းထားသည့်နေရာတချို့ကို ပြည့်သူ့စစ်များဖြင့် အင်အားများဖြည့်ကာပြန်လည်ထိုးစစ်ဆင်မှုများ၊ စစ်ကြောင်းထိုးမှုများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် တိုက်ခိုက်ရေးဒရုန်း၊အ‌သေခံဒရုန်းများဖြင့် AA ရှိနိုင်သည့် နေရာဖက်ကို လာရောက် ပစ်ခတ် တိုက်ခိုက်မှုများရှိနေပြီး AA က ပြန်လည် တိုက်ခိုက်သဖြင့် ဇွန်လနောက်ဆုံးပတ်ကနေ 

ယခု ဇူလိုင်လတတိယပတ်အတွင်း တိုက်ခိုက်ရေးဒရုန်းနှင့် အသေခံဒရုန်း ၁၅ စင်းထက်မနည်းကို ပစ်ချနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ 

March 23, 2026
ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး...
ဓာတ်ပုံ - ပုံဟောင်း
March 21, 2026
နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က...
March 20, 2026
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA)...
March 19, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း(၁၇) နှစ်မြောက်၊ တပ်တော်‌...