CDF – Mara နဲ့ MDF အကြား ဖြစ်တဲ့တိုက်ပွဲတွေမှာ AA မပါကြောင်း၊ AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း MDF ပြော

CDF – Mara နဲ့ MDF အကြား ဖြစ်တဲ့တိုက်ပွဲတွေမှာ AA မပါကြောင်း၊ AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း MDF ပြော

Chinlan Council အဖွဲ့ဝင် IMC / CDF – Mara တပ်ဖွဲ့ နဲ့ ချင်းညီနောင်အဖွဲ့ဝင် MTC / Mara Defense Force (MDF) တပ်ဖွဲ့အကြား ဖြစ်တဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေမှာ အာရက္ခတပ်တော်(AA) မပါဝင်ကြောင်း၊AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း၊ MTC/MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr. Bik က Chin World Media ကိုပြောပါတယ်။

MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr. Bik က “ CDF – Mara နဲ့ MDF ဖြစ်တဲ့ ပဋိပက္ခတွေမှာ AA ပါဝင်တယ်ဆိုပြီးမှ CDF -–Mara ဘက်က ပြောဆိုနေတာတွေက အဲဒါ လုံးဝမဟုတ် မမှန်တဲ့ဟာပါ AA ဝင်ပါစရာအကြောင်းလဲမရှိဘူး AA က ကိုယ့်ချင်းအချင်းချင်းပြဿနာမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ဘူး။ CDF – Mara ဘက်က CNA တွေဆီက စစ်ကူရချင်လို့ အကြောင်းပြပြီး online မှာရေးနေတာပါ” လို့ ပြောပါတယ်။

IMC / CDF – Mara တပ်ဖွဲ့ နဲ့ MTC / MDF တပ်ဖွဲ့အကြား ပြီးခဲ့တဲ့ ဇူလိုင် လ ၁၄ ရက်နေ့ကစလို့ ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေတော့ မရှိကြောင်း MDF ဘက်ကပြောပါတယ်။

လွန်ခဲ့တဲ့ အပတ်က မရာပြည်သူ (၄) ဦးကို MTC / MDF နဲ့ မဟာမိတ် AA တပ်ဖွဲ့တွေက အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ IMC / CDF – Mara က ထုတ်ပြန်ထားပြီး ဒီအခြေအနေနဲ့ပက်သက်ပြီး သိရှိတာမရှိတဲ့အကြောင်း MTC/MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr. Bik က ပြောပါတယ်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...