CDF – Mara နဲ့ MDF အကြား ဖြစ်တဲ့တိုက်ပွဲတွေမှာ AA မပါကြောင်း၊ AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း MDF ပြော

CDF – Mara နဲ့ MDF အကြား ဖြစ်တဲ့တိုက်ပွဲတွေမှာ AA မပါကြောင်း၊ AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း MDF ပြော

Chinlan Council အဖွဲ့ဝင် IMC / CDF – Mara တပ်ဖွဲ့ နဲ့ ချင်းညီနောင်အဖွဲ့ဝင် MTC / Mara Defense Force (MDF) တပ်ဖွဲ့အကြား ဖြစ်တဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေမှာ အာရက္ခတပ်တော်(AA) မပါဝင်ကြောင်း၊AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း၊ MTC/MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr. Bik က Chin World Media ကိုပြောပါတယ်။

MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr. Bik က “ CDF – Mara နဲ့ MDF ဖြစ်တဲ့ ပဋိပက္ခတွေမှာ AA ပါဝင်တယ်ဆိုပြီးမှ CDF -–Mara ဘက်က ပြောဆိုနေတာတွေက အဲဒါ လုံးဝမဟုတ် မမှန်တဲ့ဟာပါ AA ဝင်ပါစရာအကြောင်းလဲမရှိဘူး AA က ကိုယ့်ချင်းအချင်းချင်းပြဿနာမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ဘူး။ CDF – Mara ဘက်က CNA တွေဆီက စစ်ကူရချင်လို့ အကြောင်းပြပြီး online မှာရေးနေတာပါ” လို့ ပြောပါတယ်။

IMC / CDF – Mara တပ်ဖွဲ့ နဲ့ MTC / MDF တပ်ဖွဲ့အကြား ပြီးခဲ့တဲ့ ဇူလိုင် လ ၁၄ ရက်နေ့ကစလို့ ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေတော့ မရှိကြောင်း MDF ဘက်ကပြောပါတယ်။

လွန်ခဲ့တဲ့ အပတ်က မရာပြည်သူ (၄) ဦးကို MTC / MDF နဲ့ မဟာမိတ် AA တပ်ဖွဲ့တွေက အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ IMC / CDF – Mara က ထုတ်ပြန်ထားပြီး ဒီအခြေအနေနဲ့ပက်သက်ပြီး သိရှိတာမရှိတဲ့အကြောင်း MTC/MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr. Bik က ပြောပါတယ်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...