လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်တပ် ဖမ်းဆီး

လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်တပ် ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အတွက် လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က  ဖမ်းဆီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မယမင်း (ခ) လင်းလင်းဆိုသူကို ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မယမင်း က Tiktok ပေါ်မှာ CRPH တို့ NUG တို့ အကြောင်း လှုံဆော်တဲ့ Post တင်ခဲ့လို့ အဖမ်းခံရတာလို့ ကြားသိရပါတယ်” ဟု ‌၎င်းက ဆက်ပြောသည်။

မယမင်း (ခ) လင်းလင်းသည် ၎င်းအသုံးပြုနေသည့် "yaminLove" Tiktok အကောင့်မှတစ်ဆင့် NUG နှင့် CRPH တို့အတွက် လှုံ့ဆော်ဝါဒဖြန့်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

လက်ရှိတွင် မယမင်း (ခ) လင်းလင်းကို ရေးမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

စစ်ကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည်ဟုဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီး ထိုအဖွဲ့အစည်းများနှင့် ပတ်သက်သည့်စာ ရေးသားဖြန့်ဝေသူများကို မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

ဖမ်းဆီးရသူများကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူလေ့ရှိပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူများလည်း ရှိသည်။

January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...
Photo: Bobo Win Emr
January 14, 2026
နေပြည်တော်တွင် စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု...