လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်တပ် ဖမ်းဆီး

လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်တပ် ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အတွက် လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က  ဖမ်းဆီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မယမင်း (ခ) လင်းလင်းဆိုသူကို ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မယမင်း က Tiktok ပေါ်မှာ CRPH တို့ NUG တို့ အကြောင်း လှုံဆော်တဲ့ Post တင်ခဲ့လို့ အဖမ်းခံရတာလို့ ကြားသိရပါတယ်” ဟု ‌၎င်းက ဆက်ပြောသည်။

မယမင်း (ခ) လင်းလင်းသည် ၎င်းအသုံးပြုနေသည့် "yaminLove" Tiktok အကောင့်မှတစ်ဆင့် NUG နှင့် CRPH တို့အတွက် လှုံ့ဆော်ဝါဒဖြန့်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

လက်ရှိတွင် မယမင်း (ခ) လင်းလင်းကို ရေးမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

စစ်ကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည်ဟုဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီး ထိုအဖွဲ့အစည်းများနှင့် ပတ်သက်သည့်စာ ရေးသားဖြန့်ဝေသူများကို မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

ဖမ်းဆီးရသူများကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူလေ့ရှိပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူများလည်း ရှိသည်။

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...