KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် နတ်အိမ်တောင်စခန်းကို လာသည့် စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာပြေးရ၊ စစ်ကြောင်းမှူးအပါ ၄ ဦး သေဆုံး

KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် နတ်အိမ်တောင်စခန်းကို လာသည့် စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာပြေးရ၊ စစ်ကြောင်းမှူးအပါ ၄ ဦး သေဆုံး

ထိုင်း-မြန်မာနယ်စပ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၄)နှင့် တပ်မဟာ(၆)အကြားရှိ နတ်အိမ်တောင် စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်လာသည့် စစ်ကြောင်းများအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက်သဖြင့် စစ်ကြောင်းဆုတ်ခွာပြေးရပြီး စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်မှ သိရသည်။

ဇူလိုင်လ ဒုတိယအပတ်အတွင်းက အင်အား (၅၀) ဝန်းကျင်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဗိုလ်မှူး အဆင့်အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးပြီး ထိခိုက်သူအချို့ရှိကြောင်း KNLA တပ်ရင်း၂၇ ၏တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမူးဂေက ကေအိုင်စီကိုပြောသည်။

“၁၁ ရက်နေ့က သူတို့ တက်လာတာ ကျနော်တို့လူနဲ့ ထိပ်တိုက်ဆုံပြီး တိုက်ပွဲစဖြစ်တယ်။ ရန်သူ ထိခိုက်မှု အချို့လည်းရှိတယ်။ သေတာကတော့ တို့လူတွေ မျက်မြင်တွေ့တာက ၄ ယောက်၊ ၅ ယောက်လောက်ရှိတယ်။ အဲဒီထဲမှာ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်တစ်ယောက်ပါတယ်။ အခုသူတို့စစ်ကြောင်း တစ်ကြောင်းလုံး ဖရိုဖရဲဖြစ်ပြီး အခုထိ လိုက်စုလို့တောင် မရသေးဘူး။” ဟု ၎င်းက ယမန်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ဇူလိုင်လ (၁၄)ရက်နှင့် (၁၅)ရက် နှစ်ရက်လုံးတွင်လည်း အဆိုပါစစ်ကြောင်းကို ပူးပေါင်းတပ်က ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထံမှလက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ရုံသာမက တပ်ဖွဲ့ဝင်(၄) ဦးအားလည်း ဖမ်းဆီးရမိခဲ့သည်ဟု မြိတ်-ထားဝယ်ခရိုင် ကေအဲန်ယူက ဇူလိုင်လ(၁၅)ရက်နေ့တွင်ပင် ထုတ်ပြန်သည်။

ထို့အပြင် အဆိုပါနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီချန်ထားခဲ့သည့် ၎င်းတို့တပ်ဖွဲ့ဝင် ဒဏ်ရာရ စစ်သားတစ်ဦးအားလည်း KNLA ပူးပေါင်းတပ်ဖွဲ့များက ကျန်းမာရေးကုသမှုပေး၍ စစ်သုံ့ပန်းကျင့်ဝတ်ဖြင့် စောင့်ရှောက်ထားကြောင်း ထုတ်ပြန်ချက်အတွင်း ဆိုထားသည်။

ဒုတိယဗိုလ်မှူးကြီး စောမူးဂေက ဆက်လက်၍ “အခု တပ်မဟာ ၄ နဲ့ ၆ နယ်စပ်ကြားမှာ စစ်ကောင်စီစခန်းက နတ်အိမ်တောင် တစ်လုံးကျန်တယ်။ ဒါကြောင့် သိမ်းပိုက်ခံရမှာကိုစိုးရိမ်လို့ သူတို့ စစ်ကြောင်းအများအပြားနဲ့ ထိုးလာတာ။ တက်လာတဲ့ စစ်ကြောင်းတွေကို ချေမှုန်းဖို့ကတော့ ကျနော်တို့တာဝန်ပါ။” ဟု အခြေအနေကို ပြောပြသည်။

အဆိုပါ ဒေသတွင် KNLA တပ်မဟာ(၄)နှင့် တပ်မဟာ(၆)ပူးပေါင်းစစ်ကြောင်းအပြင် မွန်တော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးတွဲစစ်ရေးလှုပ်ရှားမှုရှိသည်။ စစ်ကောင်စီဘက်ကလည်း ကမ်းရိုးတန်း စစ်ဌာနချုပ်လက်အောက်ရှိ ခြေလျင်တပ်ရင်းများ ခလရ-၂၇၃၊ ၂၈၂ အပါအဝင် ခြေမြန်တပ်ရင်း ခမရ-၄၀၈၊ ၄၀၉၊ ၄၁၀ စသည့်တပ်ရင်း(၅)ရင်း ပူးပေါင်းစစ်ကြောင်းဖြင့် နတ်အိမ်တောင်စခန်းမကျစေရေး စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။

တပ်မဟာ(၆)နယ်မြေ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းယူနေသည့် စစ်ကောင်စီက တပ်မဟာ(၄) ထိုင်းနှင့်နယ်စပ်တွင်လည်း ယခုနှစ်ဝက်အတွင်း ထီးခီး၊ ထီးထာ၊ အီးသာခေ၊ ငါးရံ့နီနှင့်သုခစခန်းတို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...